Wednesday, November 7, 2018

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ဝယ်ယူထားသည့် ATR 72-600 XY-AML လေယာဉ် ရန်ကုန်မြို့သို့ ရောက်ရှိ

Image may contain: 1 person, airplane, sky and outdoor
ရန်ကုန် နိုဝင်ဘာ ၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ အမျိုးသားလေကြောင်းလိုင်းမှ ဝယ်ယူထားသည့် ATR 72-600 XY-AML လေယာဉ်သည် ရန်ကုန်မြို့အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ယနေ့မွန်းလွဲပိုင်းက ရောက်ရှိခဲ့ရာ လေယာဉ်အသစ်ကြိုဆိုပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီဒီယာများနှင့် မြန်မာ အမျိုးသားလေကြောင်းဝန်ထမ်းများ တက်ရောက်ကြ သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ATR-72 လေယာဉ်သစ်ပေါ်သို့ တက်ရောက်ကြည့်ရှုစစ်ဆေး သည်။
ယင်းနောက် မြန်မာအမျိုးသားလေကြောင်း၏ ATR 72-600 XY-AML လေယာဉ်အသစ်ရောက်ရှိသည့် အခမ်းအနားကို ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ မြန်မာအမျိုးသားလေကြောင်းHanger တွင် ပြုလုပ်ရာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးမင်းလွင်က ဂုဏ်ပြုစကား ပြောကြားပြီး မြန်မာအမျိုးသားလေကြောင်းမှ အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။
ယနေ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော ATR 72-600 XY-AMLလေယာဉ် မှာ မြန်မာအမျိုးသားလေကြောင်း၏ ခုနစ်စင်းမြောက် ATR 72-600 Series လေယာဉ်သစ်ဖြစ်ပြီး မကြာမီတွင် မြန်မာအမျိုးသားလေကြောင်း လက်ရှိပျံသန်းလျက် ရှိသော ပြည်တွင်းနှင့် ပြည်ပခရီးစဉ်များတွင် ပျံသန်း ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment