Wednesday, October 3, 2018

ကွမ်းခြံကုန်း - ဒလ YBS 50 ယာဉ်လိုင်းတွင် ယာဉ်စီးရေ တိုးမြှင့်ချထားပေးစေလို



Image may contain: sky and outdoor
ထင်သာမြင်သာပြုပြင်စရာ




ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်နှင့် ဒလမြို့နယ်သို့ ခရီးသည်ပို့ဆောင် ပြေးဆွဲလျက်ရှိသော  YBS 50 ယာဉ်လိုင်းတွင် ယာဉ်စီးရေနည်းပါး နေသည့်အတွက် ယာဉ်စီးရေတိုးမြှင့် ချထားပေးစေလိုကြောင်း သိရသည်။
ကွမ်းခြံကုန်း-YBS 50ယာဉ်လိုင်းတွင် လက်ရှိယာဉ် သုံးစီးရှိပြီး ယာဉ်တစ်စီးမှာ တက္ကသိုလ်ကျောင်း ကြို/ပို့နေသည့်အတွက် လက်ရှိယာဉ် နှစ်စီးနှင့် ခရီးသည်များ၏ စီးနင်းမှုမှာ လုံလောက်မှုမရှိကြောင်း    ယာဉ်စီးခ အနေဖြင့်လည်း ကွမ်းခြံကုန်းမှ ဒလအထိ ငွေကျပ် ၅ဝဝ သာဖြစ်၍ ခရီးသွားများအတွက် အဆင်ပြေ ကြောင်းသိရသည်။ ထိုသို့ ယာဉ်စီးရေ လုံလောက်မှုမရှိသည့်အတွက် ခရီးသွားများ၊ ဝန်ထမ်းများအနေဖြင့်  အခြားသောကားများကို ယာဉ်စီးခပိုမိုပေး၍ စီးနင်းလိုက်ပါ နေရကြောင်း ခရီးသွားများထံမှ သိရသည်။
တွံတေးမှ   ဒလသို့   ပြေးဆွဲနေသော  YBSယာဉ်လိုင်းတွင်   ယာဉ်စီးရေ ခုနစ်စီးဖြင့် ပြေးဆွဲနေပြီး ဈေးနှုန်းမှာလည်း ခရီးသွားပြည်သူများအတွက် အဆင်ပြေ လျက်ရှိကြောင်း၊ တွံတေး-ဒလ YBSယာဉ်လိုင်းအား စမ်းသပ်ပြေးဆွဲနေသည့် ကာလဖြစ်၍ ယာဉ်အမှတ် မသတ်မှတ်ရသေးကြောင်းလည်း သိရသည်။ ကွမ်းခြံကုန်း မြို့မှ ဒလ၊ တွံတေးမြို့မှ ဒလသို့ ပြေးဆွဲနေသော YBS ယာဉ်လိုင်းများကို ခရီးသည်များမှ သဘောကျလျက်ရှိပြီး ယာဉ်စီးရေ နည်းပါးနေသည့်  ကွမ်းခြံကုန်း-ဒလ  YBS 50  ယာဉ်လိုင်းတွင် ခရီးသွားများ အဆင်ပြေစေရေးအတွက် ယာဉ်စီးရေ တိုးမြှင့်ချထားပေးရန်    ခရီးသွားပြည်သူများက   လိုလားနေကြလျက်ရှိကြောင်း သိရသည်။                                                                             မောင်ယဉ်ဦး(ဒလ)

No comments:

Post a Comment