နေပြည်တော် အောက်တိုဘာ ၂
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marcielနှင့် United States Department of the Treasury မှMr.Geoffrey Okamoto၊ Acting Assistant Secretary၊ International Finance and Development တို့ပါဝင်သောအဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လက်ရှိမြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း ကဏ္ဍ၌ ပြုပြင်ပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးအရင်းအနှီး လိုအပ်ချက်ကို ဘဏ်လုပ်ငန်းကဏ္ဍမှ ဆောင်ရွက်ပေး နိုင်မှုများ၊ လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာတစ်ဝန်းရှိ ပြည်တွင်း ငွေကြေးများအပေါ် အကျိုးသက်ရောက်မှု များ၊ အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်း ဆိုင်ရာကိစ္စရပ်များနှင့် AML/CFTနယ်ပယ်၌ ပိုမို နားလည်ယုံကြည်လိုက်နာ ဆောင်ရွက်နေမှုများကို ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်
No comments:
Post a Comment