မြန်မာ့အလင်းအယ်ဒီတာအာဘော်
စီးပွားရေးဖွံ့ဖြိုးမှု အရှိန်ရလာသည့် ထွန်းသစ်စ ဈေးကွက်နိုင်ငံများ၌ နေထိုင်လျက်ရှိသော လူဦးရေသည် က္ဘာ့လူဦးရေ၏ ၈၄ ရာခိုင်နှုန်းရှိပြီး ၂ဝ၂၅ ခုနှစ်၌ က္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၏ သုံးပုံနှစ်ပုံကို ဤထွန်းသစ်စ ဈေးကွက်နိုင်ငံများက ဖန်တီးပေးမည်ဖြစ်ပါသည်။ ဤသို့ သော အနေအထားတို့ကြောင့် ဆွစ်ဇာလန်နိုင်ငံသား Alisee de Tonnac က ၂ဝ၁၃ ခုနှစ်တွင် Seedstars အဖွဲ့ကို တည်ထောင်ခဲ့ ပါသည်။ Seedstars အဖွဲ့သည် ထွန်းသစ်စဈေးကွက်နိုင်ငံများ၌ တီထွင် ဆန်းသစ်မှုရရှိ၍ စွမ်းဆောင်ရည်မြင့်မားသည့် ကုမ္ပဏီများ ပေါ်ထွန်း လာရေးကို ရည်ရွယ်လျက် ပြိုင်ပွဲများ ဖန်တီးကျင်းပပေးပါသည်။ အနိုင်ရရှိ သောကုမ္ပဏီများကို အများဆုံး အမေရိကန်ဒေါ်လာ တစ်သန်းအထိ ချီးမြှင့်ခြင်းဖြင့် Seedstars အဖွဲ့က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးအားမြှောက် ပြုလုပ်ပါသည်။
၂ဝ၁၈ ခုနှစ်အတွက် Seedstarsအဖွဲ့က ချီးမြှင့်သော ဒေါ်လာ ငါးသိန်းဆုကို ဂါနာနိုင်ငံရှိAgrocenta အဖွဲ့က ရရှိခဲ့ပါသည်။Agro-centa အဖွဲ့သည် လုပ်ကွက်ငယ်လယ်သမားတို့ စိုက်ပျိုးထုတ်လုပ်လိုက် သည့် ဆန်၊ ပြောင်း၊ နှံစားသီးနှံအမျိုးမျိုးနှင့် ပဲပုပ်ကဲ့သို့သော စိုက်ပျိုးရေး ထုတ်ကုန်တို့ကို အင်တာနက်မှတစ်ဆင့် ရောင်းဝယ်ပေးပြီး ကွန်ပျူတာ ခလုတ်တစ်ချက် နှိပ်ရုံမျှဖြင့် မှာယူသည့်နေရာအရောက် ပို့ဆောင်ပေး ပါသည်။ ထိုမျှသာမက ဈေးကွက်အချက်အလက်တို့ကို လက်ကိုင်ဖုန်းတို့မှ တစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးဖြည့်ဆည်းပေးပါသည်။ Agrocenta ၏ ဖြစ်ရပ်ကိုကြည့်ခြင်းဖြင့် Seedstars အဖွဲ့၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ကူညီပံ့ပိုးပေးသည့်အခန်းကဏ္ဍကို သိမြင်နိုင်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၌လည်း လူငယ်များ၏ စွန့်ဦးတီထွင်လုပ်ကိုင်မှုများ ဖွံ့ဖြိုး လာစေရန် ရည်ရွယ်လျက်Seedstars အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်လုပ်ကိုင်လျက်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် Seedstarsအဖွဲ့နှင့် ပူးပေါင်း၍ ဆိပ်ကမ်းမြို့နယ်တွင် Yangon Innovation Center (YIC)ကို တည်ဆောက်သွားမည် ဖြစ်ပါ သည်။ အဆိုပါ Yangon Innovation Center (YIC)ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် Seedstars ဖွဲ့တို့အကြား ရရှိထားသော သဘောတူညီချက် (မူကြမ်း)အား ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးသို့ပေးပို့၍ အကြံပြု ချက်များ ရယူဆောင်ရွက်လျက်ရှိပါသည်။ နိဂုံးချုပ်အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အကောင်အထည်ဖော်လျက် ရှိသော Yangon Innovation Center (YIC)ကို ကြိုဆိုပါ ကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

No comments:
Post a Comment