Tuesday, October 23, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကယားပြည်နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်း များနှင့် မြို့နယ်/တိုက်နယ် ဆရာဝန်များသို့ Mobile Tablet များ ဖြန့်ဝေခြင်းအခမ်းအနားသို့ တက်ရောက်





Image may contain: one or more people
 နေပြည်တော် အောက်တိုဘာ ၂၂



ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် ကျင်းပသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကယားပြည်နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်၊ တိုက်နယ်ဆရာဝန်များသို့ Mobile Tablet များ ဖြန့်ဝေခြင်းအခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က နှုတ်ခွန်းဆက် ကျေးဇူးတင်စကားပြောကြားရာတွင် အခြေခံ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/တိုက်နယ် ဆရာဝန်များသို့ Mobile Tablet များဖြန့်ဝေခြင်းကို ကယားပြည်နယ်မှ စတင်၍ ကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများသည် စိတ်စေတနာအပြည့်ဖြင့် ဝါယမ စိုက်ထုတ်ကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်းကြောင့် ကယားပြည်နယ်၏ ကျန်းမာရေးကဏ္ဍသည် သိသိသာသာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်ကို တွေ့မြင်နေရပါကြောင်း၊ ကယား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်းလက်တွဲကာ တက်ညီလက်ညီစွာဖြင့် ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
စွမ်းရည်များ တိုးတက်မြင့်မား
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အခြေခံကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်/တိုက်နယ် ဆရာဝန်များသို့ Mobile Tablet ဖြန့်ဝေခြင်းသည် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ ပြည်သှူကျန်းမာရေးစွမ်းရည်များ တိုးတက်မြင့်မားစေရန်၊ ပြည်သူများကို ကျန်းမာရေးအသိပညာပေးရာ၌ ပိုမိုထိရောက် စေရန်နှင့် ကုသရေးလုပ်ငန်းများတွင် ရှေ့တန်းနေရာမှ ဆောင်ရွက်လျက်ရှိသော မြို့နယ်/တိုက်နယ် ဆရာဝန်များ၏ ရောဂါကုသရေးစွမ်းရည်များ တိုးတက်မြင့်မားစေရန် ဖြစ်ပါ ကြောင်း။
စာအုပ်စာတမ်းများ ၄ဝဝ ကျော်ပါဝင်
ရှေ့လာမည့်နှစ်များတွင် ဆေးပညာရပ် စဉ်ဆက်မပြတ် သင်ကြားရေးနှင့် ဆေးပညာရှင်များ၏ ကျင့်ဝတ်နှင့် အရည် အသွေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို ဆောင်ရွက်ရာ၌Mobile Tablet များကို အသုံးပြုသွားမည် ဖြစ်ပါကြောင်း၊ အခြေခံ ကျန်းမာရေးဝန်ထမ်းများအတွက်ပေးသောMobile Tablet များတွင် ဝန်ကြီးဌာနမှ ထုတ်ဝေထားသော လုပ်ငန်းလမ်းòန် များ၊ လက်စွဲစာအုပ်များ၊ စာအုပ်စာတမ်းများ၊ ကျန်းမာရေး ဆိုင်ရာ စံပြုအချက်အလက်များ အစရှိသည့်စာအုပ်စာတမ်းများ ၁၂ဝ ကျော်ပါဝင်ပြီး မြို့နယ်/တိုက်နယ် ဆရာဝန်များအတွက် ဖြန့်ဝေမည့် Mobile Tablet များတွင် ကုသရေးဆိုင်ရာ ခေတ်မီနောက်ဆုံးပေါ် စံကုထုံးများ၊ လက်စွဲစာအုပ်များ၊ မှီငြမ်း ရမည့်စာအုပ်များ စသည့် စာအုပ်စာတမ်းများ ၄ဝဝ ကျော်ပါဝင် ကြောင်း၊ ပါဝင်သည့် လုပ်ငန်းလမ်းòန်မှစ၍ စာအုပ်စာတမ်းများ အားလုံးကို ခေတ်မီနည်းပညာဖြင့် ဗဟိုမှနေ၍ အချိန်နှင့် တစ်ပြေးညီ ပေးပို့ခြင်း၊ ပြင်ဆင်ခြင်းနှင့် ထပ်မံထည့်သွင်းခြင်း များကို ပြုလုပ်မည်ဖြစ်ပါကြောင်း။
ဤ Mobile Tablet များသည် ပြည်သှူကျန်းမာရေး အရေးပေါ်အခြေအနေများနှင့် ကပ်ရောဂါအသွင်ဖြင့် ရောဂါများ ဖြစ်ပွားသောအခါများ၌ ညွှန်ကြားချက်များ၊ လမ်းòန်ချက်များ နှင့် ဆောင်ရွက်ရန်အချက်များကို အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားနိုင်မည်ဖြစ်သဖြင့် ရောဂါများကို အချိန် အနည်းငယ်အတွင်း နှိမ်နင်းနိုင်မည် ဖြစ်ပါကြောင်း၊ မြို့နယ်၊ တိုက်နယ်များတွင်လည်း ပိုမိုအရည်အသွေးပြည့်ဝသော ကုသမှု များ ပေးနိုင်ခြင်းဖြင့် ပြည်သူများအနေဖြင့် အလှမ်းဝေးကွာသော မြို့ကြီးများရှိ ဆေးရုံကြီးများသို့ သွားရောက်ကုသမှုခံယူရန် လိုအပ်မှုနည်းပါးလာမည် ဖြစ်ကြောင်း။
အပြန်အလှန်ဆွေးနွေးနိုင်
Mobile Tablet များကို အသုံးပြု၍ အင်တာနက်ကွန်ရက် မှတစ်ဆင့် သက်ဆိုင်ရာ ဆေးပညာရပ် ပါမောက္ခများနှင့် ဆေးပညာရှင်ကြီးများ၏ ဟောပြောပို့ချမှုများကို လေ့လာသိရှိ နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုများ မကူးစက်နိုင်သောရောဂါ များအပါအဝင် ကျန်းမာရေးအသိပညာကြွယ်ဝစေရန် Mobile Tablet များကိုအသုံးပြု၍ အခြေခံကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရပ်ကွက်၊ ကျေးရွာများတွင် ကျန်းမာရေး စကားဝိုင်း ငယ်များပြုလုပ်၍ ပြည်သူများနှင့် အပြန်အလှန်ဆွေးနွေးနိုင်တော့ မည်ဖြစ်ကြောင်း၊ မကြာမီကာလတွင် Mobile Tablet များကို အသုံးပြု၍ အဝေးမှ ဆေးပညာသင်ကြားခြင်း၊ တိုင်ပင်ဆွေးနွေး ခြင်းနှင့် ကုသမှုပေးခြင်းတို့ကိုပါ လုပ်ဆောင်နိုင်မည်ဖြစ် ပါကြောင်း။
အကျိုးအမြတ်များ ပြန်လည်ရရှိနိုင်
Mobile Tablet ၁၃၄၇၇ လုံးကို နိုင်ငံတော်မှ ခွင့်ပြု ဘဏ္ဍာငွေဖြင့် ဝယ်ယူထားရှိခဲ့ပြီး ပုဂ္ဂိလိကအဖွဲ့အစည်းများက အလုံး ၆၅ဝ လှူဒါန်းခဲ့ကာ GAVIအဖွဲ့အစည်း၏ အထောက် အပံ့ငွေဖြင့် အလုံး ၁၄ဝဝဝ ကိုလည်း ထပ်မံဝယ်ယူသွားမည်ဖြစ် ကြောင်း၊ Mobile Tablet များအတွက် ရင်းနှီးမြှုပ်နှံခြင်းသည် ရင်းနှီးမှုပမာထက် အဆပေါင်းများစွာသော ကျန်းမာရေးဆိုင်ရာ အကျိုးအမြတ်များ ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေးတို့အားMobile Tabletများ ပေးအပ်သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသောအကြီး အကဲများက လက်ထောက်ကျန်းမာရေးမှူးများ၊ အမျိုးသမီး ကျန်းမာရေးဆရာမများ၊ သားဖွားဆရာများ၊ ပြည်သှူကျန်းမာရေး ကြီးကြပ်(၁)နှင့် (၂)များ၊ စုစုပေါင်း အခြေခံကျန်းမာရေးဝန်ထမ်း ၄၁၉ ဦး နှင့် မြို့နယ်/တိုက်နယ် ဆရာဝန် ၁၇ ဦးထံသို့ Mobile Tablet များ ဖြန့်ဝေပေးခဲ့သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုလည်း Mobile Tablet များ ဆက်လက်၍ ဖြန့်ဝေသွားမည် ဖြစ်သည်။
ဆက်လက်၍ ပြည်သှူကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးအေးစိန်က Mobile Tablet များတွင်ပါဝင်သော စာအုပ်စာတမ်းများနှင့် အသုံးချ ဆော့ဝဲလ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ စစ်ကိုင်း တိုင်းဒေသကြီး ကျန်းမာရေးသံတမန် မမာရီကိုးလ်နှင့် ရန်ကုန် တိုင်းဒေသကြီး ကျန်းမာရေးသံတမန် ဒေါက်တာ စိုးညီညီထွန်း တို့က Mobile Tablet များအား မိတ်ဆက်ပြောကြားခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မိတ်ဆက်သရုပ်ပြခြင်းတို့ကို လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment