Tuesday, October 23, 2018

စာတတ်သူတိုင်းစာဖတ်ရေး အခမ်းအနားကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





Image may contain: 2 people, people sitting, table and indoor
 နေပြည်တော် အောက်တိုဘာ ၂၂



''စာတတ်သူတိုင်း စာဖတ်ရေး''ခေါင်းစဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး လူထုလှုံ့ဆော်မှု အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းနှင့် ပြန်ကြား ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
စာဖတ်ဝါသနာပျိုးထောင်ပေး
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် သတင်းအချက် အလက်များ ထုတ်ပြန်ခြင်း၊ အသိပညာ ဖြန့်ဝေခြင်းနှင့် ဖျော်ဖြေခြင်းလုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပြည်သူများ အသိပညာဗဟု သုတရရှိနိုင်ရန်အတွက် အမြော်အမြင် ရှိသူများက ''အမှောင်ခွင်း၍ အလင်း ဆောင်အံ့'' ဆောင်ပုဒ်ဖြင့် စာပေဗိမာန် ကို တည်ထောင်ခဲ့ခြင်းဖြစ်ရာ မိမိတို့မှ လည်း ဆက်လက်ပြီး အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စာပေ ဆိုင်ရာလှုပ်ရှားမှုများဖြစ်သည့် စာတမ်း ဖတ်ပွဲ၊ ဆွေးနွေးပွဲ၊ စာပေစကားဝိုင်းနှင့် စာအုပ်စာပေရောင်းချသည့် စာအုပ်လမ်း တို့အပြင် စာပေပွဲတော်များလည်း စီစဉ် ကျင်းပလျက်ရှိပါကြောင်း၊ ကလေးစာပေ ပွဲတော်ကို ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ စေတနာရှင် အလှူရှင် များနှင့် ပူးပေါင်း၍ ကျင်းပလျက်ရှိပါ ကြောင်း၊ ကလေးများကို စာအုပ်စာပေနှင့် ထိတွေ့စေပြီး စာဖတ်ဝါသနာပျိုးထောင် ပေးခြင်းဖြစ်ပါကြောင်း၊ ကလေးများ စာပေပွဲတော် လာရောက်ချိန်တွင် ပျော်ရွှင်စေရန်အတွက်လည်း စီမံဆောင် ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများအတွက် ရန်ကုန်နှင့် မ္တလေးတက္ကသိုလ်များ၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပ စဉ် စာပေဖတ်ရှုမှုအပြင် တီထွင်ဖန်တီးမှု ကိုလည်း အားပေးဆောင်ရွက်ခဲ့ပါ ကြောင်း။
ရွေ့လျားစာကြည့်တိုက်လုပ်ငန်း
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သည်လည်း စာပေဝါသနာပါပြီး စာအုပ် စာပေချစ်မြတ်နိုးသဖြင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၏ လုပ်ငန်းစဉ်များ တွင် စိတ်ကူး စိတ်သန်းကောင်းများဖြင့် ရွေ့လျားစာကြည့်တိုက်ကို ထည့်သွင်းပြီး စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးရုံးနှင့် စာကြည့်တိုက်၊ လူထုအခြေပြု ဗဟိုဌာနများတွင် ကွန်ပျူတာသင်ကြား မှုနှင့် ရွေ့လျားစာကြည့်တိုက်လုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါ ကြောင်း။
''စာတတ်သူတိုင်း စာဖတ်ရေး'' ခေါင်းစဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအစီအစဉ်ကို နေပြည်တော်မှ အခြေပြု၍ နိုင်ငံတစ်ဝန်းတွင် ပြည်သူ လူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင် ရွက်လာစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များက အဓိကနေရာမှ ပါဝင်ဆောင်ရွက် ကြမည်ဖြစ်ပါကြောင်း၊ အခမ်းအနား ကျင်းပရာတွင် စာတမ်းဖတ်ပွဲနှင့်ဆွေးနွေး ပွဲများ ကျင်းပမှုများအပြင် စာအုပ်စာပေ နှင့် ပတ်သက်သည့် ပြခန်းများစုံလင်စွာ ဖြင့် ခင်းကျင်းပြသနိုင်ရေး ဝိုင်းဝန်း အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်နေ
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကလေးစာပေပွဲ တော်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် များကျင်းပမှုတွင် ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ စာတတ်သူတိုင်း စာဖတ်ရန် လိုအပ်ပြီး စာဖတ်သည့် ယဉ်ကျေးမှုဓလေ့ ထွန်းကားမှသာ နိုင်ငံနှင့်လူမျိုးအောင်မြင် တိုးတက်မည်ဖြစ်ပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် စာသင်ကျောင်း ၂ဝ တွင် ရှေ့ပြေးစီမံချက်အနေဖြင့် ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်နေ ပါကြောင်း၊ ယခုကျင်းပသည့် ''စာတတ် သူတိုင်း စာဖတ်ရေး'' အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လည်း ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးရဲနိုင်က ''စာတတ်သူတိုင်း စာဖတ်ရေး'' အခမ်းအနားကျင်းပမည့် ရည်ရွယ်ချက်၊ ကျင်းပမည့်နေရာ၊ ဆွေးနွေး ပွဲ၊ စာတမ်းဖတ်ပွဲများနှင့် ဆုပေးပွဲများ၊ ခင်းကျင်းပြသမည့် ပြခန်းများ၊ စာအုပ် ဈေးရောင်းပွဲတော်ပြုလုပ်မည့် အစီအစဉ် များ၊ ကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ကဏ္ဍများအလိုက် ဆွေးနွေး
ထို့နောက် ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေ သနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင် မြင့်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်း တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စော နန်းနွယ်၊ မြန်မာနိုင်ငံ စာကြည့်တိုက် အသင်းအတွင်းရေးမှူး ဒေါက်တာ ခင်လေးစိုးနှင့် မြန်မာနိုင်ငံစာကြည့် တိုက်များ ဖောင်ဒေးရှင်း ဗဟိုအမှုဆောင် အဖွဲ့ဝင် ဦးမောင်မောင်ဦး (စာရေးဆရာ ဟိန်းလတ်)တို့က ''စာတတ်သူတိုင်း စာဖတ်ရေး''အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တက်ရောက်လာ ကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေး ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
''စာတတ်သူတိုင်း စာဖတ်ရေး'' အခမ်းအနားကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာတတ်မြောက်သူတိုင်း စာပေဖတ်ရှု သည့် အလေ့အထကောင်းများ ပိုမို တိုးတက်လာစေရေးနှင့် ''စာတတ်သူ တိုင်း စာဖတ်ရေး'' လှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်နိုင် စေရေးအတွက် နှိုးဆော်ဆောင်ရွက်နိုင် ရန်ရည်ရွယ်ချက်ဖြင့်၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်နှင့် ဒီဇင်ဘာ ၁ ရက်တို့တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC- 2)တွင် ကျင်းပမည်ဖြစ်သည်။
စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန်
ဖွင့်ပွဲ အခမ်းအနားနှင့်အတူ ဝန်ဆောင်မှုနှင့် ဆန်းသစ်တီထွင်မှု ကောင်းမွန်သည့် စာကြည့်တိုက်များကို ဆုချီးမြှင့်မှုများ၊ စာပေဆိုင်ရာဆွေးနွေး ပွဲနှင့် စာတမ်းဖတ်ပွဲများ၊ အသိပညာပေး ပြခန်းများ၊ ရှေးဟောင်းပေစာများ၊ ရွှေပေလွှာနှင့် ပုရပိုက်များ၊ ကျောက်စာ များ၊ ခေတ်နှင့်အညီ ပြောင်းလဲဆောင် ရွက်လာသည့် စာပေဆိုင်ရာများ၊ အမျိုး သားစာကြည့်တိုက်၊ အမျိုးသားပြတိုက် နှင့် အမျိုးသားမော်ကွန်းတိုက်များမှ ရှေးဟောင်းစာရွက်၊ စာတမ်းများ၊ စာအုပ် စာပေ ထိန်းသိမ်းဆောင်ရွက်နေမှုများ စသည့် စာပေဆိုင်ရာပြခန်းများ၊ ဒေါ်ခင် ကြည်ဖောင်ဒေးရှင်းနှင့် ရှန်တီစေတနာ့ ဝန်ထမ်းဖောင်ဒေးရှင်းတို့၏ နယ်လှည့် စာကြည့်တိုက်ပြခန်းများနှင့် စာအုပ်ဈေး ရောင်းပွဲတော်များ ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment