Tuesday, October 23, 2018

ရွှေကူမြို့နယ် အုပ်ချီကျေးရွာအဝင်လမ်း အမြန်ကောင်းစေလို



ထင်သာမြင်သာ ပြုပြင်စရာ


 ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် အုပ်ချီကျေးရွာသို့ အဝင်လမ်းများသည် အောက်တိုဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့က မိုးများရွာသွန်းမှုကြောင့် ဗွက်အိုင်နှင့် ချိုင့်ခွက်များ ဖြစ်ပေါ်လျက်ရှိပြီး ကားများ၊ ဆိုင်ကယ်များ သွားလာရန် အခက်အခဲ များရှိနေကြောင်း သိရသည်။
အဆိုပါလမ်းသည် အနီးအနားရှိ ကျေးရွာများနှင့် အုပ်ချီကျေးရွာ ဒေသခံ ပြည်သူများ ရွှေကူမြို့သို့ နေ့စဉ်သွားလာရာတွင် အသုံးပြုနေသော အဓိက လမ်းမကြီး ဖြစ်ရာ ပျက်စီးနေသော ယင်းလမ်းကို သက်ဆိုင်ရာက ပြုပြင်ပေးစေလိုကြောင်း လမ်းအသုံးပြုသူများထံမှ သိရသည်။
လဘန်အောင် (ကချင်မြေ)

No comments:

Post a Comment