ရန်ကုန် အောက်တိုဘာ ၁
နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များကို လေ့လာ ရန် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဗန်ကောက် မြို့သို့ ထွက်ခွာကာ ထိုမှတစ်ဆင့် နီပေါနိုင်ငံ ခတ္တ မန္ဒူလေဆိပ်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
JMC-U ကိုယ်စားလှယ်အဖွဲ့၏ နီပေါနိုင်ငံ ငြိမ်းချမ်းရေးလေ့လာရေးခရီးစဉ်ကို မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေသံရုံးက စီစဉ်ပေးခြင်းဖြစ်ပြီး ခရီးစဉ်မှာ ခြောက်ရက် ကြာမြင့်မည်ဖြစ်ကြောင်းJMC-U မှ သိရသည်။
JMC-U ၏ ခြောက်ရက်ကြာ ငြိမ်းချမ်းရေး လေ့လာရေးခရီးစဉ်အတွင်း နီပေါနိုင်ငံ ဒုတိယ သမ္မတH.E. Mr.Nanda Kishor Pun ၊ နိုင်ငံခြား ရေးဝန်ကြီး H.E. Mr. Pradeep Gaywall အပါ အဝင် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုကာလအတွင်း ပါဝင်ခဲ့ သူများနှင့်တွေ့ဆုံကာ နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဆောင်ရွက်မှု ဖြစ်စဉ်များကို လေ့လာသွားမည်ဖြစ်သည်။
နီပေါနိုင်ငံ ငြိမ်းချမ်းရေးလေ့လာရေးခရီးစဉ် သို့ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်အတူ ဒုတိယဥက္ကဋ္ဌ (၂) စိုင်းမျိုးသန့်၊ JMC-U အဖွဲ့ဝင်များဖြစ်ကြသော နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ သိက္ခာတော်ရဆရာတော် စောမက်သယူးအေး အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် အဖွဲ့ဝင် ၁၅ ဦး လိုက်ပါသွားကြ သည်။
ညွန့်ကိုကို
No comments:
Post a Comment