Tuesday, October 2, 2018

ပြည်တွင်းသုံး ငွေတန်ဖိုးကျဆင်းမှုကြောင့် မော်တော်ယာဉ်နှင့် ဇိမ်ခံပစ္စည်းတင်သွင်းမှု သီရိလင်္ကာထိန်းချုပ်


Image may contain: 1 person, car
ကိုလံဘို အောက်တိုဘာ ၁
သီရိလင်္ကာနိုင်ငံတွင် နိုင်ငံခြားသုံးငွေ လိုငွေပြမှုနှင့် ကြုံတွေ့နေရခြင်းကြောင့် မော်တော်ယာဉ်များနှင့် ဇိမ်ခံပစ္စည်းများအား ပြည်ပမှ တင်သွင်းမှုကို လျှော့ချနိုင်ရန် ကန့်သတ်ချက်အများအပြားကို အစိုးရကထုတ်ပြန်လိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက အောက်တိုဘာ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။
သီရိလင်္ကာနိုင်ငံ၌ ပြည်တွင်းသုံးငွေတန်ဖိုး ကျနေမှုနှင့် ကြုံတွေ့နေရစဉ်အတွင်း အစိုးရ ဌာနများအားလုံးအနေဖြင့် ပြည်ပမှ မော် တော်ယာဉ်များ တင်သွင်းမှုကို တစ်နှစ်ကြာမျှ ရပ်ဆိုင်းထားရန်လည်းကောင်း၊ ပြည်သူ့ ဝန်ထမ်းများအနေဖြင့်လည်း လျှော့ပေါ့ ခွင့်ပြုသော အကောက်ခွန်နှုန်းထားဖြင့် ပြည်ပမှ မော်တော်ယာဉ်ဝယ်ယူမှုကို ခြောက် လတာရပ်ဆိုင်းထားရန်လည်းကောင်း ဘဏ္ဍာ ရေးဝန်ကြီးဌာန၏ အမိန့်တွင် ဖော်ပြသည်။
မရှိမဖြစ်မဟုတ်သည့် ဇိမ်ခံပစ္စည်းများ အဖြစ် သတ်မှတ်ထားသော မော်တော်ယာဉ် များ၊ လေအေးပေးစက်များ၊ ရေမွှေးများ၊ လက်ကိုင်ဖုန်းများနှင့် ရုပ်မြင်သံကြားစက်များ အပါအဝင် ကုန်ပစ္စည်းများ ဝယ်ယူနိုင်ရေး အတွက် အများပြည်သူတို့အား ငွေထုတ်ချေးမှု မပြုလုပ်ရန်လည်း နိုင်ငံတွင်းရှိဘဏ်များ အားလုံးသို့ အမိန့်ထုတ်ပြန်ထားသည်။
သီရိလင်္ကာနိုင်ငံ၏ ပြည်တွင်းသုံးငွေသည် ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် ၁ဝ ရာခိုင်နှုန်းကျော် တန်ဖိုး ကျဆင်းသွားခဲ့သည်။ ယခုနှစ် နှစ်ဆန်းပိုင်းက သီရိလင်္ကာနိုင်ငံ သုံးငွေသည် အမေရိကန် ဒေါ်လာနှင့် လဲလှယ်ရာတွင် တစ်ဒေါ်လာလျှင် ၁၅၅ ရူပီး ဈေးပေါက်ခဲ့ရာမှ ယခုနှစ် စက်တင် ဘာ ၂၈ ရက်တွင် တစ်ဒေါ်လာလျှင် ရူပီး ၁၇ဝ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည်။
သြဂုတ်လအတွင်းက သီရိလင်္ကာနိုင်ငံတွင်း သို့ တင်သွင်းသည့် မော်တော်ယာဉ်ငယ်များ အပေါ် ထိန်းချုပ်ကန့်သတ်နိုင်ရန် အစိုးရက အခွန်အကောက်နှုန်းထားများကို မြှင့်တင်ခဲ့ သည်။
သီရိလင်္ကာနိုင်ငံသည် မော်တော်ယာဉ် တင်သွင်းမှုများကြောင့် ယခုနှစ်ပထမ ငါးလ တာကာလတွင် ကုန်သွယ်ရေးလိုငွေပြမှု အမေ ရိကန်ဒေါ်လာ သန်း ၄၉ဝဝ ထိရှိခဲ့ကြောင်း၊ ယင်းမှာနှစ်အလိုက် နှိုင်းယှဉ်ချက်အရ နောက် ထပ်ဒေါ်လာသန်း ၇ဝဝ ကုန်သွယ်ရေးလိုငွေပြ ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က သတိပေး ပြောကြားခဲ့သည်။
အေအက်ဖ်ပီ

No comments:

Post a Comment