ရန်ကုန် အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၌ လစ်လပ်နေသည့် ဥပဒေချုပ်နေရာတွင် တာဝန် ထမ်းဆောင်မည့် ဒေါ်ခင်မျိုးကြည်သည် ယနေ့ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက် နေ့တွင် လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့သည်။
အဆိုပါ တိုင်းဒေသကြီးဥပဒေချုပ်သစ် ဒေါ်ခင်မျိုးကြည်(အဘ-ဦးသိုက်)မှတ်ပုံတင်အမှတ်(၉/မရမ (နိုင်)ဝ၂၂၅၁၁)အား စက်တင်ဘာ၂၆ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လစ်လပ်နေသည့် တိုင်းဒေသကြီး ဥပဒေချုပ်နေရာ၌ ခန့်အပ်ရန် လွှတ်တော်၏သဘောတူညီမှုရယူရန်အတွက် အမည်စာရင်းအဆိုပြု ခဲ့ရာ ကန့်ကွက်မည့် လွှတ်တော်ကိုယ်စားလှယ်မရှိသဖြင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ(၅၂)နှင့်အညီ လွှတ်တော်က သဘောတူကြောင်း စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သည့် လွှတ်တော်အစည်း အဝေးတွင် လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ခြင်းဖြစ်သည်။
ဒေါ်ခင်မျိုးကြည်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၈၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ(င)၊ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေပုဒ်မ ၃၂ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၆၊ ပုဒ်မခွဲ(ခ)တို့ပါ ပြဋ္ဌာန်းချက်များအရ ရန်ကုန် တိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေး ကြောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်(၃၄/၂ဝ၁၈)ဖြင့် စက်တင်ဘာ ၂၈ ရက်က ထုတ်ပြန်ခဲ့သည့်အတွက် ၂ဝ၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၅၅ အရ တိုင်းဒေသကြီး ဥပဒေချုပ် အသစ်က ယနေ့ လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်၌ ကတိသစ္စာပြု လက်မှတ် ရေးထိုးခြင်းဖြစ်သည်။
သီသီမင်း
No comments:
Post a Comment