Tuesday, October 2, 2018

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်းကြေညာထားရှိမှုများ ကြည့်ရှုစစ်ဆေး


Image may contain: 4 people, people standing and indoor
ရန်ကုန် အောက်တိုဘာ ၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးမြင့်နိုင်(ရန်ကုန်တိုင်းဒေသ ကြီးတာဝန်ခံ)သည် ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့်နှင့်အတူ နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင် သော တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နှင့် ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)တို့အတွက် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတို့ နှင့်အညီ အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာ နေမှုများကို ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်နှင့်အဖွဲ့သည် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ပါဝင်သော မာန်အောင်ရပ်ကွက်၊ တာမွေကြီး(ခ)ရပ်ကွက်၊ မေတ္တာညွန့် ရပ်ကွက်နှင့် ကျားကွက်သစ် ရပ်ကွက် တို့သို့ သွားရောက်၍ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ တွင် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိ မှုများကို ကြည့်ရှုစစ်ဆေးရာ ရန်ကုန် အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာ ကျော်စိုးဝင်းနှင့် တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းပိုင်တို့က လိုက်လံ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဆိပ်ကမ်းမြို့နယ် တိုင်း ဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)တွင် ပါဝင်သော ရဲရိပ်သာ ရပ်ကွက်နှင့် မိသားစုရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး တွင် မဲဆန္ဒရှင် စာရင်းကြေညာထားရှိ မှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမင်းဆွေက ရှင်းလင်း တင်ပြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် (ရန်ကုန်တိုင်းဒေသ ကြီးတာဝန်ခံ)က မဲဆန္ဒနယ်အတွင်းရှိ ဆန္ဒမဲပေးခွင့်ရှိသူများ မဲပေးခွင့် မဆုံးရှုံးစေရေး၊ မဲစာရင်း လာရောက် ကြည့်ရှုပါက ရှာဖွေရလွယ်ကူစေရန် မိသားစုအလိုက်ဖြစ်စေရေး ဆောင်ရွက် ထားရှိရန် မှာကြားပြီး ယခုကြေညာ သည့် မဲဆန္ဒရှင်စာရင်းတွင် အမည် ပါဝင်မှသာ မဲပေးခွင့်ရရှိမည်ဖြစ် ကြောင်း၊ မဲဆန္ဒနယ်အတွင်းရှိ မဲဆန္ဒရှင် များ မဖြစ်မနေ လာရောက်ကြည့်ရှု ကြရန် လိုအပ်ကြောင်း၊ မဲဆန္ဒရှင် စာရင်းပါမဲစာရင်း အမှတ်စဉ်ကို မဲဆန္ဒရှင်များက မှတ်သားထားခြင်း ဖြင့် ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခြင်း ကို ပိုမိုလွယ်ကူ မြန်ဆန်စေမည်ဖြစ် ကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော် အသိပေးဆောင်ရွက်စေလို ပါကြောင်း ဖြည့်စွက်မှာကြားသည်။
သတင်းစဉ်

No comments:

Post a Comment