နေပြည်တော် အောက်တိုဘာ ၂၁
မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်
လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ စီမံကိန်းများနှင့် ပတ်သက်၍ လျှပ်စစ်နှင့်
စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့်
တရုတ်ပြည်သှူသမ္မတနိုင်ငံ National Energy Administration (NEA)၏ Deputy
Administrator, Mr. Li Fanrong တို့သည် အောက်တိုဘာ ၁၉ ရက်တွင်
ဆူးကျိုးမြို့၌ တွေ့ဆုံ ဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ ၁၉ ရက်နှင့် ၂ဝ ရက်တို့ တွင် ဆူးကျိုးမြို့အနီးဝန်းကျင်ရှိ Future Energy Pavilion ပြခန်း၌ လျှပ်စစ် ဓာတ်အားကို ရေအား၊ လေအား၊ ဇီဝ လောင်စာသုံးစွမ်းအား၊ မြေအောက် အပူ စွမ်းအား၊ ကျောက်မီးသွေးသုံးနှင့် ရေနံ ဓာတ်ငွေ့ရည်သုံး ဓာတ်အားထုတ်လုပ် ခြင်းများ၏ တိုးတက်ပြောင်းလဲမှု၊ နေရောင်ခြည်သုံးစနစ်ဖြင့် နေအိမ်တွင်း လျှပ်စစ်ဓာတ်အားအသုံးပြုပုံနှင့် လျှပ်စစ် မော်တော်ယာဉ်များ အသုံးပြုပုံ၊ Suz-hou Industrial Park Exhibi-tion ပြခန်း၌ ၁၉၉ဝ ခုနှစ်မှစ၍ စင်ကာပူ နိုင်ငံနှင့် အကျိုးတူပူးပေါင်းဆောင်ရွက် နေမှု၊ စက်မှုဇုန်တစ်ခု တည်ဆောက်ရန် စနစ်တကျ စီမံကိန်းရေးဆွဲပြုစုပြီး တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ခဲ့မှု များ၊ PV Industrial Group ၏Thin-film PV သုတေသနဌာန၌ အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထား သော PV အိမ် အမိုးပြားများအပြင် ကျောပိုးအိတ်များတွင် လျှပ်စစ်ဓာတ် အား သွင်းနိုင်သော ပျော့ပျောင်းသည့် PV Solar အပါးလွှာများ တပ်ဆင် အသုံးပြုထားပုံနှင့် စမ်းသပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်ပြည်သှူသမ္မတနိုင်ငံ ဆူးကျိုးမြို့မှ ရန်ကုန်မြို့သို့ အောက်တိုဘာ ၂၁ ရက် ညနေပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

No comments:
Post a Comment