Monday, October 22, 2018

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ရွှေစင်ရွှေပြားထုတ်လုပ်သည့်စက်ရုံ တည်ဆောက်ပြီးစီးမှုအခြေအနေ ကြည့်ရှုစစ်ဆေး





ရန်ကုန် အောက်တိုဘာ ၂၁



စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့ နံနက်က ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တောင်ဘက်မုခ် အနီးတွင် စက်မှုဝန်ကြီးဌာနမှ တာဝန်ယူ တည်ဆောက်လျက် ရှိသော ရွှေစင်ရွှေပြားထုတ်လုပ်မည့်စက်ရုံ တည်ဆောက်နေမှု အခြေအနေနှင့် ပတ်သက်၍ တာဝန်ရှိသူများ တွေ့ဆုံပြီး ရွှေစင် ရွှေပြားစက်ရုံ၏ တည်ဆောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေး ကာ ရေးဆွဲထားသောဒီဇိုင်းနှင့် ခေတ်မီနည်းပညာများအတိုင်း တည်ဆောက်ရေး၊ လုံခြုံစိတ်ချသော အစီအမံများထားရှိရေး၊ ဘေးအန္တရာယ်ကင်းရှင်းစွာ စီမံဆောင်ရွက်ရေး မှာကြားသည်။
ယင်းနောက် ဂေါပကအဖွဲ့ ရုံးခန်းမတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်မော် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ရွှေစင်ရွှေပြားများ ကပ်လှူ ပူဇော်နိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းပေးပြီး ရွှေစင်ရွှေပြားစက်ရုံအတွက် လိုအပ်သော စက်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ စနစ်တကျဝယ်ယူ တပ်ဆင်ရေး၊ စံချိန်စံòန်းနှင့်ညီသော ရွှေစင်ပြားများရရှိရေးကို စနစ်တကျမှတ်တမ်းထားရှိ၍ ကပ်လှူပူဇော်မည့် နေရာများကို ခေတ်မီနည်းပညာများဖြင့် ထိန်းချုပ်မှတ်တမ်းထားရှိရေးတို့ကို ဆွေးနွေးမှာကြားသည်။
ရွှေစင်ရွှေပြား သင်္ကန်းတော်များကို ရာသီဥတုမရွေး တာရှည်တည်တံ့ခိုင်မြဲစေရန် အဆင်မြင့် နည်းပညာကို အသုံးပြု ပြီး ရွှေစင်ရွှေပြားစက်ရုံငယ်တစ်ခုကို ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီး အောက်ပစ္စယာတွင် လုံခြုံစိတ်ချစွာ စနစ်တကျတည်ဆောက်၍ ခေတ်မီ နည်းစနစ်စက်ကိရိယာများ အသုံးပြုကာ တာရှည်ခိုင်မြဲတည်တံ့သည့် ရွှေစင်ပြားများကို မကြာမီကပ်လှူပူဇော်နိုင်မည်ဖြစ်သည်။ ရွှေစင်ပြား ထုတ်လုပ် သည့်ကြိတ်စက်ကို စက်မှုဝန်ကြီးဌာနက ခေတ်မီနည်းပညာများ ဖြင့် ပြည်တွင်း၌ ဒီဇိုင်းရေးဆွဲ၍ ထုတ်လုပ်ခဲ့ပြီး သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment