မြန်မာ့အလင်းအယ်ဒီတာအာဘော်
၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က မြစ်ကြီးနားမြို့၊ ရွှေစက်
ရပ်ကွက်ရှိ တောင်တန်းဒေသ ကျောင်းသူ ကျောင်းသားများ ပြုစု
စောင့်ရှောက်ရေးဂေဟာ(လန်ဆယ်)သို့ ရောက်ရှိလာသော
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား
ကျောင်းသူကျောင်းသား လေးများက ''သူရဲကောင်း''နှင့်
''ငြိမ်းချမ်းခြင်းကိုတည်ဆောက်စို့'' သီချင်းများဖြင့်
သီဆိုဧည့်ခံဖျော်ဖြေကြပါသည်။ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျောင်းသူကျောင်းသား လေးများအား
သြဝါဒစကားပြောကြားခဲ့ပါသည်။ နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်၏ သြဝါဒစကားမှ အရေးကြီးသောအချက်တို့ကို
ကောက်နုတ်တင်ပြလိုပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကလေးတိုင်းက တိုင်းပြည်အတွက် သူရဲကောင်းဖြစ်နိုင်သည်ကို မီးမောင်းထိုးရှင်းလင်းမိန့်ကြားခဲ့ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သီချင်းတို့၏အဓိပ္ပာယ်အား နှလုံးသွင်းခံ ယူနိုင်ရေးကိုပါ ထောက်ပြလမ်းòန်ခဲ့ပါသည်။ ကလေးတိုင်းက သီချင်း တို့၏အဓိပ္ပာယ်အား မှန်မှန်ကန်ကန်နှလုံးသွင်းခံယူနိုင်ပါက ''ငြိမ်းချမ်း သော က္ဘာသစ်'' ထူထောင်နိုင်မည်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သြဝါဒပေးပြောကြားခဲ့ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ''က္ဘာသစ်ဆိုတာ ကိုယ့်တစ်နိုင်ငံတည်းငြိမ်းချမ်းလို့လည်းမလုံလောက် ဘူး။ တစ်က္ဘာလုံးငြိမ်းချမ်းမှ အားလုံးငြိမ်းချမ်းမှာ။ တစ်က္ဘာလုံး ငြိမ်းချမ်းတဲ့အခြေအနေဆိုတာ တစ်ခါမှဒီက္ဘာကြီးရဲ့သမိုင်းမှာ မဖြစ်ခဲ့ဖူး ဘူး။ အဲဒါကဘာဖြစ်လို့လဲဆိုတော့ လူတွေကငြိမ်းချမ်းချင်တဲ့ဘက်ကို သိပ်မသွားလို့ပဲ'' ဟု ထောက်ပြပြီး ''ဒီကလေးတွေရဲ့ ခေတ်မှာကျတော့ ပိုပြီးတော့ငြိမ်းချမ်းရေးရနိုင်မလားဆိုတာ ကလေးတစ်ယောက်ချင်း တစ်ယောက်ချင်းပေါ်မှာ မူတည်ပါတယ်'' ဟု မိန့်ကြားခဲ့ပါသည်။
ကလေးတစ်ယောက်ချင်းအနေဖြင့် ဘာမှမလုပ်နိုင်သော်လည်း မိတ်ဆွေကောင်း၊ အဖော်ကောင်းရှိပါက စွမ်းဆောင်နိုင်စွမ်းရှိလာသည်နှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ''အခက်အခဲတွေကို ကျော်လွှားတဲ့နေရာမှာ ကိုယ်နဲ့အတူ စိတ်တူ၊ သဘောတူနဲ့ လက်တွဲပေးမယ့် မိတ်ဆွေတွေရှိရင် အင်အားတွေက အလိုလိုဖြစ်လာတယ်။ စိုးရိမ်စရာ၊ ကြောက်စရာတွေက နည်းသွားတယ်'' ဟု သြဝါဒပေးပြောကြားခဲ့ပါ သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကလေးတိုင်းအား တစ်ချိန်၌ ကိုယ့်ရွာကိုယ့်ဇာတိကို ပြန်လည်အလုပ်အကျွေးပြုလိုသော စိတ်ဓာတ် မွေးမြူပေးရန် မှာကြားချက်သည် လူငယ်မျိုးဆက်သစ်တို့အား ပြုစု ပျိုးထောင်ရာ၌ မဖြစ်မနေဖော်ဆောင်ပေးရမည့်အချက်ကို အလေး အနက်ထားပြောကြားလိုက်ခြင်း ဖြစ်ပါသည်။
က္ဘာကြီး၏တစ်နေရာအား အေးချမ်းအောင်ဆောင်ရွက်ခြင်းသည် က္ဘာကြီးတစ်ခုလုံး၏ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်သည်ဟူ သော သဘောတရားနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ''ဒါကြောင့်ကလေးတွေဟာ တစ်နေ့ တစ်ချိန်တစ်ခါမှာ ကိုယ့်ရပ်ရွာ၊ ကိုယ့်မိဘ၊ ကိုယ့်ဆွေမျိုးသားချင်း၊ ကိုယ်ပေါက်ဖွားလာတဲ့ ဇာတိမြေကို ဘယ်လိုပုံစံနဲ့ပြန်ပြီးတော့ ကူညီနိုင်မလဲဆိုတာကို အမြဲပဲနှလုံးသွင်းပါ။ ဒီလိုကူညီခြင်းအားဖြင့် တစ်က္ဘာလုံးကိုကူညီတာနဲ့ အတူတူပါပဲ'' ဟု ပြောကြားလျက် ဆုမွန်ကောင်းတောင်းပြောကြားခဲ့ခြင်းသည် နိုင်ငံသူ နိုင်ငံသားတိုင်းက မျိုးဆက်သစ်တို့အား ပြုစုပျိုးထောင်ရာ၌ ဆုပ်ကိုင်ရမည့် သဘောထားအမြင်ကို မိန့်ကြားလိုက်ခြင်းဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။

No comments:
Post a Comment