နေပြည်တော် အောက်တိုဘာ ၂ဝ
နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၌
နိုင်ငံတကာမှ အထူးကုဆရာဝန်ကြီးများ နှင့် စဉ်ဆက်မပြတ် ဆေးပညာဆိုင်ရာ
ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ဂျပန်နိုင်ငံ Tenyoukai Central
Hospital မှ နှလုံးအထူးကုဆရာဝန်ကြီး Dr. TakashiKajiyaသည် ဇမ္ဗူသီရိ
အထူးကုဆေးရုံကြီးမှ နှလုံးအထူးကု ဆရာဝန်ကြီး ဒေါက်တာ သက်ဟိန်းနှင့်
ဒေါက်တာအောင်အောင် ဦးဆောင်သော အဖွဲ့တို့ပူးပေါင်း၍
နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအား နှလုံး
သွေးကြောချဲ့ခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ကုသပေးလျက်ရှိသည်။
ထိုသို့ ကုသပေးသည့်နေရာသို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်(၁) ဦးအေးမြင့်နှင့် တာဝန် ရှိသူများသည် အထူးကုဆရာဝန်ကြီးများ နှင့် ဝေဒနာရှင်များကို ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး တာဝန်ရှိသူများအနေဖြင့် ဆေးပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အပြင် နိုင်ငံတကာမှ ဆရာဝန် ကြီးများကိုဖိတ်ခေါ်၍ ယခုကဲ့သို့ ကုသမှု ဆောင်ရွက်ကာ ဆေးပညာဖလှယ်နိုင် ရေး စဉ်ဆက်မပြတ်ဆောင်ရွက်ရန် မှာကြားသည်။
အချိန်မရွေး ကုသမှုခံယူနိုင်
ဇမ္ဗူသီရိ အထူးကုဆေးရုံကြီး၌ နိုင်ငံတကာမှ အထူးကုဆရာဝန်ကြီး များဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ ဆိုင်ရာ ကုသမှုမှာ စုစုပေါင်း ရှစ်ကြိမ်ရှိပြီ ဖြစ်ပြီး ရောဂါဝေဒနာရှင်များအနေဖြင့် လည်း ဆေးရုံရှိ နှလုံးအထူးကုဆရာဝန်ကြီး များဖြင့် အချိန်မရွေး ကုသမှုခံယူနိုင် ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment