Thursday, October 25, 2018

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အခမ်းအနား၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ ပထမအကြိမ် ပိဋကတ်သုံးပုံပူဇော်ပွဲ အောင်ပွဲနှင့် မဟာသံဃဒါနဆွမ်းဆန်တော် လောင်းလှူပွဲအခမ်းအနားများ ကျင်းပ





Image may contain: 2 people, people sitting and indoor
 နေပြည်တော် အောက်တိုဘာ ၂၄


 

 နေပြည်တော် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၌ ဒသမအကြိမ် သီတင်းကျွတ် လပြည့် (အဘိဓမ္မာအခါတော်နေ့)အခမ်းအနား၊ (၁ဝ၇) ကြိမ်မြောက် အသံ မစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအောင် ပွဲ၊ ပထမအကြိမ် ပိဋကတ်သုံးပုံပူဇော်ပွဲ အောင်ပွဲနှင့် မဟာသံဃဒါန ဆွမ်းဆန် တော်လောင်းလှူပွဲအခမ်းအနားများကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်ဂူ တော်အတွင်း ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌ ဂုရု နိုင်ငံတော်သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တကဝိသာရ အမှူးပြုသည့် ဆရာ တော် သံဃာတော်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုနှင့် ဇနီး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည် တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဓမ္မစကြာဝတ်အသင်းအဖွဲ့များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော် သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တကဝိသာရထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွား တော်မူသည့် မေတ္တသုတ်ပရိတ်တရား တော်များကို နာယူကြည်ညိုကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် အဖွဲ့သည် နေပြည် တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တကဝိသာရ အမှူးပြု သည့် ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး အဘိဓဇမဟာရဋ္ဌဂုရု နိုင်ငံတော် သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တကဝိသာရ ဟောကြားတော်မူသည့် အဘိဓမ္မာအခါတော်နေ့ တရားတော် ကိုနာယူကြည်ညို၍ ရေစက်သွန်းချအမျှ ပေးဝေကြသည်။
ထို့နောက် မဟာသံဃဒါန ဆွမ်းဆန် တော်လောင်းလှူပွဲ အခမ်းအနားကို ဥပ္ပါတသန္တိစေတီတော် ရင်ပြင်၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဧည့်ပရိသတ် များက ဆရာတော် သံဃာတော်များအား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများလောင်းလှူကြပြီး နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ညနေပိုင်းတွင် ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး၌ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဝတ်အသင်းအဖွဲ့ များက ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်ပူဇော်ကြပြီး ညပိုင်းတွင် ဆီမီး များ ထွန်းညှိပူဇော်ကြကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment