Tuesday, October 23, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား ဒုတိယဝန်ကြီးနှင့် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်တို့ကို လက်ခံတွေ့ဆုံ





 နေပြည်တော် အောက်တိုဘာ ၂၂


 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးColonel General Alexender Vasilievich Fomin နှင့် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် H.E.Mr. Vijay Gokhale တို့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာမှုရှိသည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား စစ်ဘက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ARMY Games 2018 တွင် မြန်မာ့တပ်မတော်မှ ပါဝင် ယှဉ်ပြိုင်ခဲ့မှု အခြေအနေများနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက် ချစ်ကြည်ရေး ခရီးစဉ်များအပြန်အလှန်လည်ပတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်နှစ်ရပ်ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့်
အိန္ဒိယသမုဒ္ဒရာနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးဆိုင်ရာ သတင်းအချက်အလက်များဖလှယ်ရေး ကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကိစ္စ ရပ်များ၊ မြန်မာနိုင်ငံတွင် ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှုအခြေ အနေများနှင့် အစိုးရနှင့်တပ်မတော်မှ ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသမှ တစ်ဖက်နိုင်ငံသို့ ထွက်ခွာ သွားသည့် ဘဂ¯လီလူမျိုးများ ပြန်လည်နေထိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

No comments:

Post a Comment