နေပြည်တော် အောက်တိုဘာ ၂ဝ
ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် တိုင်းဒေသကြီးနှင့်
ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့တို့၏ တွေ့ဆုံပွဲအခမ်းအနားကို
ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ -၂ အစည်းအဝေး
ခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဥပဒေအထောက်အကူပေးရေး အဖွဲ့ဝင် ဦးကျော်ဟိုး၊ ဦးကျော်ဌေး၊ ဦးမောင်မောင်လှသောင်းနှင့် ဦးကျော်စိုးဗိုလ်၊ အတွင်းရေးမှူး ဦးခင်ဇော်၊ ကချင် ၊ ကရင်၊ ချင်း၊ မွန်နှင့် ရခိုင်ပြည်နယ်တို့မှ ဥပဒေဆိုင်ရာအထောက်အကူ ပေးရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ပြည်သူများသိရှိနိုင်ရေး ဆောင်ရွက်
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ဝင် ဦးကျော်ဟိုးက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၏ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်မှန်ကန် ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ အဂတိ လိုက်စားမှု ပပျောက်ရေး၊ နိုင်ငံသားများဥပဒေနှင့်အညီ တန်းတူ ညီမျှမှု တရားမျှတစွာရရှိရေး၊ ပြစ်မှုကျူးလွန်သူများ၊ ပြစ်မှု ကျူးလွန်းခြင်းခံရသူများ၊ စွပ်စွဲခံရသူများ၊ သက်သေများနှင့် ဥပဒေဆိုင်ရာ အထောက်အကူများ အချိန်နှင့်တစ်ပြေးညီရရှိရေး ကိစ္စရပ်များ၊ နိုင်ငံသားတစ်ဦးချင်းစီ၏ ဥပဒေနှင့်အညီ အခြေခံ ရပိုင်ခွင့်များ ရရှိနိုင်ရေးအတွက် နိုင်ငံသားများ၏ အခြေခံရပိုင်ခွင့် များကို ကျယ်ကျယ်ပြန့်ပြန့် ပြည်သူများသိရှိနိုင်ရေး ဆောင်ရွက် ရန် ကိစ္စရပ်များ၊ ရဲအချုပ်နှင့် အကျဉ်းထောင်များတွင် မလိုလား အပ်သည့် ဖမ်းဆီးချုပ်နှောင်မှုများ ပပျောက်ရေးဆိုင်ရာ ကိစ္စရပ် များ၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပြုပေးရေး အဖွဲ့၏ မူဝါဒများကို သိရှိလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆင်းရဲနွမ်းပါးသူများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ရွှေ့ပြောင်း နေထိုင်သူများ၊ ဒုက္ခသည်များ စသည့် ဥပဒေဆိုင်ရာ အခွင့်အရေး တောင်းခံရယူနိုင်သည့်သူများအတွက် ဥပဒေနှင့်အညီ ဥပဒေ ဆိုင်ရာ အထောက်အကူပေးရေး ကိစ္စရပ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များ ရုံးခန်းနေရာရရှိရေးနှင့် လိုအပ်သည့်ဝန်ထမ်းများ ခန့်ထားနိုင်ရေး ကိစ္စရပ်များအပါအဝင် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အခန်းကဏ္ဍသစ်တစ်ခု ဖော်ဆောင်
ထို့နောက်My Justicr Programme မှ တရားမျှတမှု လက်လှမ်းမီရေးအကြံပေးMs. Susan Lee ၊ အကြီးတန်းတရား ရေးကဏ္ဍအကြံပေး ဦးဟန်ဇာထွန်းနှင့် ဥပဒေအကြံပေး ဒေါက်တာတက်နေထွန်းတို့က ဥပဒေအထောက်အကူပြုရေး မူဝါဒများ၊ မြန်မာနိုင်ငံရှိ ဥပဒေအထောက်အကူပြုရေးအမြင် များနှင့် အလေ့အထများ၊ ဥပဒေအထောက်အကူပေးရေးကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အလေ့အထများ၊ ဥပဒေ အထောက်အကူပြုပုံစံများ အသုံးပြုခြင်းနှင့် ချိတ်ဆက်လွှဲပြောင်း ပေးအပ်ခြင်းများ၊ ဥပဒေပြုအထောက်အကူအဖွဲ့များကို ဆက် သွယ်ရာတွင် ကူညီပေးနိုင်ရန် လမ်းပြအမည်ရှိ မိုဘိုင်းဖုန်း အပလီကေးရှင်းအကြောင်း မိတ်ဆက်ခြင်း၊ ဥပဒေအထောက် အကူပေးရာတွင် သုတေသနနှင့် အရည်အသွေးထိန်းညှိခြင်း အတွက် မှတ်တမ်းမှတ်ရာများထားရှိခြင်းနှင့် စောင့်ကြည့်လေ့လာ ခြင်းနှင့် မြန်မာနိုင်ငံတွင် ဥပဒေအထောက်အကူပေးခြင်း၏ အခန်းကဏ္ဍသစ်တစ်ခုကို ရှေ့ဆောင်ဖော်ဆောင်ခြင်းအကြောင်း အရာများကို ရှင်းလင်းဆွေးနွေးကြသည်။
လုပ်ငန်းလုပ်ဆောင်ချက်များ ရှင်းလင်း
အဆိုပါတွေ့ဆုံပွဲကို အောက်တိုဘာ ၂ဝ ရက်မှ ၂၁ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်တွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်၊ အဖွဲ့ဝင် ဦးကျော်ဌေးနှင့် ဦးကျော် စိုးဗိုလ်တို့က ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့၏ လုပ်ဆောင်ချက်များ၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များသို့ မှတ်တမ်း မှတ်ရာ၊ စာရွက်စာတမ်းများဝေငှခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းခြင်းနှင့် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့၏ လုပ်ငန်းမူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ၊ ပြည်တွင်း ပြည်ပ လုပ်ငန်းလုပ်ဆောင်ချက်များကို ရှင်းလင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment