နေပြည်တော် အောက်တိုဘာ ၂ဝ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ တွင်
နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ကြေးမုံ
သတင်းစာတိုက်နှင့် မြန်မာ့အလင်း သတင်းစာတိုက်တို့ကို
လှည့်လည်ကြည့်ရှု ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီးသည် နံနက် ၁၁ နာရီတွင် ဇေယျာသီရိမြို့နယ် ခရေပင် လမ်းခွဲရှိ နေပြည်တော်သတင်းစာတိုက်၌ ဖွင့်လှစ်ထားရှိသည့် ဆေးခန်း၊ ဝန်ထမ်း များ အပန်းဖြေရိပ်သာ(Recreation Center- RC) ၊ အစည်းအဝေးခန်းမ၊ စာကြည့်တိုက်၊ Computer to Plate – CTPခန်း၊ Computer Learning Center ၊ သတင်းစာထုတ်လုပ်ရေး လုပ်ငန်းတွင် ခေတ်အလိုက် အသုံးပြု ခဲ့ပြီး ပုံနှိပ်စက်ပြတိုက် (Press Machine Museum) ပြုလုပ်ရန် လျာထားဆောင်ရွက်နေမှုနှင့် သတင်းစာ ပို့ယာဉ်များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းသားသမီးများ အတွက် ဖွင့်လှစ်ပေးထားသည့် မူကြို ကျောင်းသို့ ရောက်ရှိပြီး ကလေးငယ် များ၏ သင်ကြားသင်ယူနေမှုကို ကြည့်ရှု အားပေးကာ ပြည်ထောင်စုဝန်ကြီး၏ဇနီး ဒေါ်ခိုင်နွယ်ဦးနှင့်အဖွဲ့က ကလေးငယ် များကို အရုပ်များပေးအပ်သည်။
ယင်းနောက် လူပျိုဆောင်၊ အပျို ဆောင်၊ ဝန်ထမ်းအိမ်ရာများနှင့် ဈေးဆိုင် တန်းများကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် မြန်မာ့အလင်းသတင်းစာ တိုက် Newsroom နှင့် ပုံနှိပ်စက်ခန်း တို့ကို လည်းကောင်း၊ ကြေးမုံသတင်းစာ တိုက် Newsroom နှင့် ပုံနှိပ်စက်ခန်းတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှု သည်။
ပိုမိုထူးခြားသည်များတွေ့မြင်ရ
ဆက်လက်၍ ဘိုးဝဇီရခန်းမ၌ ပုံနှိပ် ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပြည်ထောင်စု ဝန်ကြီးက ယခုကဲ့သို့ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းသည် တတိယအကြိမ် ဖြစ် ကြောင်း၊ ယခုရောက်ရှိလာချိန်တွင် ယခင် လာရောက်စဉ် အခြေအနေများထက် ပိုမိုထူးခြားသည်များကို တွေ့မြင်ရ ကြောင်း၊ ဝန်ထမ်းများအတွက် ကျန်းမာ ရေးဆေးခန်း၊ စာကြည့်တိုက်၊ အပန်း ဖြေရိပ်သာ၊ မူကြိုကျောင်းစသည်ဖြင့် စီစဉ်ပေးထားသည်များကို မြင်တွေ့ရ သည့်အတွက် တာဝန်ထမ်းဆောင်နေသူ များကိုယ်စား ဝမ်းမြောက်မိပါကြောင်း။
စာဖတ်ဝိုင်းများပြုလုပ်
ဝန်ထမ်းအိမ်ရာများလည်း သပ်သပ် ရပ်ရပ်တွေ့ရပါကြောင်း၊ တစ်ဦးနှင့် တစ်ဦး ရင်းရင်းနှီးနှီးပျော်ပျော်ရွှင်ရွှင်ဖြင့် မိမိ အသိုက်အဝန်းအတွင်း ငြိမ်းချမ်းပျော် ရွှင်စွာနေကြမည်ဆိုလျှင် နေပျော် မည့်နေရာလေးတစ်ခုဖြစ်သည်ဟု ထင်ပါ ကြောင်း၊ ဤနေရာတွင် အားကစား ပြိုင်ပွဲများ၊ စာကြည့်တိုက်ကို အသုံးပြုပြီး စကားဝိုင်းများ၊ စာဖတ်ဝိုင်းများ ပြုလုပ် ပါက ပိုမိုပြည့်စုံမည်ဖြစ်ပါကြောင်း။
ဂုဏ်ယူကြရန်အဓိကလိုအပ်
ဝန်ထမ်းများအနေဖြင့် မိမိတို့ လုပ်ဆောင်နေမှုအပေါ် တန်ဖိုးထား၊ ဂုဏ်ယူကြရန် အဓိကလိုအပ်ပါကြောင်း၊ မိမိတို့အလုပ်အပေါ် ကျေနပ်မှုရှိပြီး ပျော်ရွှင်မည်၊ အကောင်းဆုံး ဖြစ်အောင် လည်း လုပ်နိုင်မည်၊ စိတ်ဝင်စားဂုဏ်ယူ တန်ဖိုးထားမည်ဆိုလျှင် စိတ်ကူးစိတ် သန်းကောင်းများ ရလာပြီးရလဒ်ကောင်း များလည်း ထွက်ပေါ်လာမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် မိမိတို့အလုပ်အပေါ် စေတနာအပြည့်ဖြင့် ကျွမ်းကျင်နိုင်နင်းစွာ ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ လူတိုင်းမိမိအလုပ်ကို တန်ဖိုးထားပြီး ပိုမို ကောင်းမွန်အောင်လုပ်ခြင်းဖြင့် ဝန်ထမ်း ကောင်းများ ဖြစ်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ပြန်လည်ရှင်းလင်းဖြေကြား
ထို့နောက် ဝန်ထမ်းများက သတင်းရယူရေးဆိုင်ရာများ၊ လုပ်ငန်းခွင် အရည်အသွေး မြင့်မားရေးအတွက် ဖြည့်ဆည်းပေးစေလိုသည့် အချက်များ၊ အားကစားအထောက်အကူပြု ပစ္စည်း များ ထပ်မံဖြည့်တင်းပေးရေးကိစ္စရပ်များ နှင့် စပ်လျဉ်း၍ တင်ပြကြရာ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်òန်ကြား ရေးမှူး ဦးရဲနိုင်နှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်တို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
သတင်းစဉ်

No comments:
Post a Comment