နေပြည်တော် အောက်တိုဘာ ၂၁
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးကျော်တင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လ်ဂျီယံနိုင်ငံ
ဘရပ်ဆဲလ်မြို့တွင် ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပသည့်
(၁၂) ကြိမ်မြောက် အာရှ-ဥရောပဆွေးနွေးပွဲ(အေဆမ်) ထိပ်သီးအစည်းအဝေးသို့
ပါဝင်တက်ရောက်ခဲ့ပြီးနောက် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံသို့
ပြန်လည်ရောက်ရှိခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁၈ ရက် ညနေပိုင်း တွင် ဥရောပကောင်စီရုံးချုပ်၌ ကျင်းပ သော (၁၂)ကြိမ်မြောက် အေဆမ်ထိပ်သီး အစည်းအဝေးဖွင့်ပွဲ အခမ်းအနားနှင့် ဥရောပကောင်စီ ဥက္ကဋ္ဌ H.E. Mr. Donald Tuskမှ ထိပ်သီးအစည်းအဝေး သို့ တက်ရောက်လာကြသည့် အေဆမ် အဖွဲ့ဝင်များမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များကို တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ သည်။
မိန့်ခွန်းပြောကြား
ပြည်ထောင်စုဝန်ကြီးသည် ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁၉ ရက် နံနက် ပိုင်းတွင် ဥရောပကောင်စီရုံးချုပ်၌ ကျင်းပသော ထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေး၌ Building the future together: Promoting inclusive growth and sustainable connectivity ခေါင်းစဉ်အောက်တွင် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြား ရာ၌ အေဆမ်အနေဖြင့် အာရှနှင့် ဥရောပ တိုက်ကြီးနှစ်ခုအကြား ပေါင်းစည်း ဆက်နွှယ်မှုများ မြှင့်တင်ခြင်းဖြင့် ဒေသ ကြီး နှစ်ခုအကြား ပိုမိုနီးကပ်လာအောင် ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်း၊ ၂ဝ၁၇ ခုနှစ် နိုဝင် ဘာလတွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၁၃)ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အေဆမ်အဖွဲ့ဝင်နိုင်ငံ များအကြား ပေါင်းစည်းဆက်နွှယ်မှု (Connectivity)၏ အဓိပ္ပာယ်ဖွင့်ဆို ချက်ကို သဘောတူညီချက်ရရှိခဲ့ပြီး နောက် အဆိုပါကဏ္ဍတွင် သိသာထင်ရှား သော တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်နှင့် ဆက်သွယ်ရေးကဏ္ဍ၊ က္ဘာလှည့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့တွင် ဒေသကြီး နှစ်ခုအကြား ပေါင်းစည်းဆက်နွှယ်မှုအား အလေးထား မြှင့်တင်ရေးကို စိတ်ဝင်စား ကြောင်း၊ အေဆမ်အဖွဲ့ဝင်နိုင်ငံများ အကြား ကုန်သွယ်ရေးလွတ်လပ်စွာ စီးဆင်းမှုကို အဟန့်အတား ဖြစ်စေနိုင် သည့် လုပ်ဆောင်မှုများ၊ ကုန်သွယ်ရေး တားဆီးပိတ်ဆို့မှုများ ပြုလုပ်ခြင်းများ ကို ရှောင်ရှားသင့်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
သီးသန့်အစည်းအဝေးတက်ရောက်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် (၁၂)ကြိမ်မြောက် အေဆမ်ထိပ်သီး အစည်းအဝေး၏ သီးသန့်အစည်းအဝေး သို့ တက်ရောက်ခဲ့သည်။ သီးသန့်အစည်း အဝေးတွင် အေဆမ်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ပြည့်မီရေး၊ ရာသီဥတု ပြောင်းလဲမှု၊ ရွှေ့ပြောင်းသွားလာမှု၊ ဆိုက်ဘာလုံခြုံရေး၊ မျှတသော ကုန်သွယ် မှု၊ အမျိုးသမီးအခွင့်အရေးကိစ္စ အပါ အဝင် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အချို့က ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ရည်òန်း ပြောကြားလာသဖြင့် ပြည်ထောင်စု ဝန်ကြီးက ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ တုံ့ပြန်ရှင်းလင်းပြောကြား ခဲ့သည်။
ပူးပေါင်းဆောင်ရွက်
ယင်းသို့ ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက အေဆမ်အဖွဲ့ဝင် နိုင်ငံများအနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက် ကြရန် အရေးကြီးကြောင်း၊ ယမန်နှစ်က မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ် တွင်လည်း အကြမ်းဖက်တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ပထမအကြိမ် မှာ Kofi Annan ကော်မရှင် ဖွဲ့စည်း ပြီး တစ်လမပြည့်မီတွင် လည်းကောင်း၊ ဒုတိယအကြိမ်မှာ ကော်မရှင်၏ နောက်ဆုံးအစီရင်ခံစာ ထွက်ရှိပြီး နာရီ ပိုင်းအတွင်းတွင် လည်းကောင်း ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ပြဿနာမှာ လူဝင်မှုကိစ္စ၊ ဆင်းရဲနွမ်းပါးမှု၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်လုံခြုံ ရေးတို့ပါ ပါဝင်နေသည့် အလွန်ရှုပ်ထွေး သိမ်မွေ့သည့်ပြဿနာ ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ရခိုင်အရေးကိစ္စ ဖြေရှင်းရေးမှာ ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ငန်းစဉ်အရေးပါသည့် အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ဦးစားပေးဆောင်ရွက် နေသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါ ကြောင်း၊ ယုံကြည်မှု ကင်းမဲ့နေကြသည့် အသိုက်အဝန်းနှစ်ခုအကြား အပြန်အလှန် ချစ်ခင်လာကြစေရေးအတွက် ဥပဒေ၊ အမိန့်ပြဋ္ဌာန်းဆောင်ရွက်၍ မရသည့် အလျောက် နေ့ချင်း ညချင်း ဖြေရှင်းနိုင် မည့်ကိစ္စ မဟုတ်ပါကြောင်း၊ ၂ဝ၁၇ ခုနှစ် တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများသည် လုံခြုံရေးအဖွဲ့ အစည်းများကိုသာမက ရခိုင်ပြည်နယ်ရှိ အခြားအရပ်သား အသိုင်းအဝိုင်းများကို လည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် ဒေသခံများအကြား ကြောက်ရွံ့မှု နှင့် မတည်မငြိမ်မှုများကို ဖြစ်ပေါ်စေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူအများအပြား ရွှေ့ပြောင်းမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း။
ARSA အကြမ်းဖက်အဖွဲ့၏ အန္တရာယ်ကို နိုင်ငံတကာအသိုင်းအဝိုင်းမှ လျစ်လျူရှုထားကြကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ သည့် ရွှေ့ပြောင်းထွက်ခွာသွားသူများကို စိစစ်လက်ခံသွားရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် သဘောတူညီချက်များနှင့်အညီ မြန်မာဘက်မှ လိုအပ်သည်များ ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ ပြန်ပို့လာပါက လက်ခံရန် အသင့်ရှိကြောင်း၊ ကုလသမဂ္ဂ အေဂျင်စီ နှစ်ခုနှင့်လည်း သဘောတူညီချက် လက်မှတ်ရေးထိုးထားပြီး ကွင်းဆင်း စစ်ဆေးမှု ပထမအဆင့် ပြီးစီးသွားပြီး ဒုတိယအဆင့် စတင်ဆောင်ရွက်ရန် သဘောတူခွင့်ပြုထားပြီး ဖြစ်ကြောင်း၊ သက်သေအထောက်ထား လုံလောက် သည့် လှူအခွင့်အရေး ချိုးဖောက်မှု စွပ်စွဲ ချက်များနှင့် ပတ်သက်၍ တာဝန်ခံမှု ရှိစေရေးအတွက်လည်း ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့မှ ထင်ရှားသည့် သံတမန် နှစ်ဦးပါဝင်သည့် လွတ်လပ်သော စုံစမ်း ရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်း တာဝန်ပေးထားပြီး ဖြစ်ကြောင်း၊ နိုင်ငံ ခေါင်းဆောင်များအနေဖြင့် အရေးကြီး သည့် ကိစ္စရပ်များအပေါ် မူဝါဒရေးရာ ဆုံးဖြတ်ချက်များ ချမှတ်ကြရာတွင် တိကျ မှန်ကန်ပြီး ဘက်လိုက်မှုကင်းသည့် အစီရင်ခံစာ အချက်အလက်များအပေါ် အခြေခံ၍ စဉ်းစားဆောင်ရွက်သွားရန် အရေးကြီးကြောင်း စသည်ဖြင့်ထည့်သွင်း ရှင်းလင်းပြောကြားခဲ့သည်။
ကြေညာချက်ထုတ်ပြန်
အစည်းအဝေးအပြီးတွင် Global Partners for Global Challenges ခေါင်းစဉ်ဖြင့် (၁၂)ကြိမ်မြောက် အေဆမ် ထိပ်သီးအစည်းအဝေး ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ၊ စီးပွားရေး နှင့် ငွေကြေးကဏ္ဍ၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက် ရေး မဏ္ဍိုင်ကြီး ၃-ရပ်အောက်တွင် ဒေသကြီး ၂-ခုအကြား ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ် များကို ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံ ရခိုင် ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နှစ်ဖက်သဘောတူညီချက်များ လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိမှုနှင့် ကုလသမဂ္ဂအဖွဲ့စည်းများနှင့် MoU လက်မှတ်ရေးထိုးခဲ့မှုတို့အပေါ် ကြိုဆို ကြောင်း၊ တာဝန်ခံမှုနှင့် ပတ်သက်၍ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်သွား ရန် အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ် တွင် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိရေး အတွက် အေဆမ်အဖွဲ့ဝင်နိုင်ငံများမှ ဆက်လက်အကူအညီပေးအပ်သွားမည်ဖြစ်ကြောင်း အပြုသဘော ထည့်သွင်း ဖော်ပြခဲ့သည်။
သီးခြားစီတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးသည် ထိပ်သီး အစည်းအဝေးကာလအတွင်း ဆွစ်ဇာလန် နိုင်ငံသမ္မတ H.E. Mr. Alain Berset၊ ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီ H.E. Ms. Margot Wallstrom၊ သြစတြေး လျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးH.E. Ms. Marise Payneတို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စ များနှင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ပွင့်လင်းစွာ ဆွေးနွေး ခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် H.E. Ms. Federica Mogherini နှင့်လည်း သီးခြားတွေ့ဆုံခဲ့ပြီး မြန်မာ နိုင်ငံနှင့် ဥရောပသမဂ္ဂအကြား ဆက်ဆံ ရေး ကိစ္စရပ်များ၊ ကုန်သွယ်မှုဆိုင်ရာ အခွင့်အရေးပေးမှုကို ပြန်လည်သုံးသပ် နေသည့်ကိစ္စနှင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှု အခြေ အနေများကို ဆွေးနွေးခဲ့ကြသည်။ပြည်ထောင်စုဝန်ကြီးက အီးယူအနေဖြင့် မြန်မာနိုင်ငံသို့ ပေးအပ်လျက်ရှိသော ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ပေးမှုသည် မြန်မာနိုင်ငံ၏ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း အတွက် အကျိုးပြုလျက်ရှိကြောင်း၊ အဓိက အားဖြင့် အီးယူသို့ တင်ပို့နေသည့်အထည် ချုပ်လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသော အလုပ်သမားထုမှာ ၄ သိန်းကျော်ရှိပြီး ယင်းတို့အနက် ၉ဝ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများ ဖြစ်ကြကြောင်း၊ ¤င်းတို့ကို မှီခိုနေသူများအား ထည့်သွင်း တွက်ချက်ပါက လူဦးရေစုစုပေါင်း ၂ သန်း နီးပါးရှိကြောင်း၊ အီးယူမှ ကုန်သွယ်ရေး ဆိုင်ရာ အထူးအခွင့်အရေးပေးမှုကို ရုပ်သိမ်းခဲ့မည်ဆိုပါက သာမန်ပြည်သူ များကို ထိခိုက်စေမည်ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဥရောပ သမဂ္ဂမှ စေလွှတ်ရန် အဆိုပြုထားသည့် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံအနေဖြင့် လက်ခံတွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း အသိပေးဆွေးနွေး ပြောကြားခဲ့သည်။
တစ်လှည့်စီ ကျင်းပ
အေဆမ်ကို အာရှနှင့် ဥရောပနိုင်ငံ များအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် အာရှမှ ၂၁ နိုင်ငံ၊ ဥရောပမှ နိုင်ငံ ၃ဝ စုစုပေါင်း ၅၁ နိုင်ငံနှင့် အဖွဲ့အစည်းနှစ်ခုဖြစ်သည့် ဥရောပသမဂ္ဂ၊ အာဆီယံ အတွင်းရေးမှူး ချုပ်ရုံးတို့ဖြင့် ဖွဲ့စည်းထားပါသည်။ အေဆမ်ထိပ်သီးအစည်းအဝေးများကို (၂)နှစ်လျှင်တစ်ကြိမ် အာရှနှင့် ဥရောပ တို့တွင် တစ်လှည့်စီ ကျင်းပလေ့ရှိပြီး (၁၃)ကြိမ်မြောက် အာရှ-ဥရောပ ဆွေးနွေးပွဲ(အေဆမ်) ထိပ်သီး အစည်း အဝေးကို ၂ဝ၂ဝ ပြည့်နှစ်တွင် က္ဘော ဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ဖြစ်ကြောင်း အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ သတင်းစဉ်

No comments:
Post a Comment