Thursday, October 4, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံ


Image may contain: 5 people, people sitting, table and indoor
နေပြည်တော် အောက်တိုဘာ ၃
(၆၉)ကြိမ်မြောက် Executive Committee of the High Commissioner’s Programme(Ex-COM) တက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ရောက်ရှိ နေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဘာဝဘေး လျော့ပါးရေးဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Mami-Mizutori နှင့် United Nations Office for Disaster Risk Reduction ရုံး၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရာသီဥတု ပြောင်းလဲဖြစ်ပေါ်မှုကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ရိုးဖြစ်စဉ် မဟုတ်သော သဘာဝဘေးများ ရင်ဆိုင်ကြုံတွေ့နေရ ကြောင်း၊ မိမိတို့အနေဖြင့် ပြောင်းလဲမှုအား လိုက်လျော ညီထွေ ရင်ဆိုင်တုံ့ပြန်နိုင်ရေး ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးလျော့ပါးရေး မူဘောင်ဖြစ်သည့် Sendai Framework နှင့် လိုက်လျော ညီထွေစွာ မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေး လုပ်ငန်းစီမံချက်(၂ဝ၁၇)(Myanmar Action Plan on Disaster Risk Reduction- MAPDRR)ကို ဆက်နွှယ်ပတ်သက်သူအားလုံး ပါဝင် ရေးဆွဲပြုစုထားပြီး လုပ်ငန်းများ အကောင်အထည်ဖော် လျက်ရှိပါကြောင်း။
မြန်မာပြည်သူများ သဘာဝဘေးဒဏ် ကြံ့ကြံ့ခံရင်ဆိုင် နိုင်ရန် မိမိတို့ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ လုပ်ငန်း ပမာဏကြီးမားကျယ်ပြန့်သဖြင့် နိုင်ငံအတွင်းမှ ဆက်နွှယ် ပတ်သက်သူအားလုံး ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ နိုင်ငံတကာပညာရှင်များ၏ နည်းပညာပံ့ပိုးကူညီမှု၊ စီမံ ချက်များအတွက် ထောက်ပံ့မှု၊ မြန်မာနိုင်ငံ၏ သဘာဝဘေး စီမံခန့်ခွဲနယ်ပယ်မှ တာဝန်ရှိသူများ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး ဆောင်ရွက်မှုတို့အား ဆက်လက်ပံ့ပိုးမှု လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် ဘေးအန္တရာယ်ကျရောက်နိုင်ခြေဆန်းစစ်မှုများ ပြုလုပ်နိုင်ရန် ကြိုးစားလျက်ရှိရာ United Nations International Strategy for Disaster Reduction (UNISDR)ကဲ့သို့ သဘာဝဘေးလျော့ပါးရေး ဦးဆောင်ရေး အဖွဲ့က ပံ့ပိုးကူညီမှုရှိပါက ပိုမိုသင့်လျော်ကောင်းမွန်ပါ ကြောင်း။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့် လူကြောင့်ဖြစ်သော ဘေးများ စီမံခန့်ခွဲရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာတွင် မသန်စွမ်းများအပြင် ထိခိုက်လွယ်သူအားလုံးကို မကျန်လပ်စေရန်နှင့် တန်းတူ ညီမျှ ကူညီမှုရရှိစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထုအား ပိုမို ထိရောက်ကောင်းမွန်စွာ အကျိုးပြုနိုင်ရန် ဥပဒေ၊ နည်းဥပဒေများကို ပြန်လည်ဆန်းစစ်မှုများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပံ့ပိုးပူးပေါင်းကူညီမှုအားလည်း အသိ အမှတ်ပြု ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် က မြန်မာနိုင်ငံ၏ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ အတွက် ပံ့ပိုးကူညီရမှုအတွက် ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊ မြန်မာနိုင်ငံမှ လက်ရှိဆောင်ရွက်နေသည့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းအတွက် ဦးစားပေး လုပ်ငန်းများကို ဖော်ထုတ်၍ ပူးပေါင်းကူညီသွားမည် ဖြစ်ကြောင်း၊ Sendai Framework နှင့် လိုက်လျောညီထွေ စွာ ဆောင်ရွက်နေမှုနှင့် မူဘောင်ဆိုင်ရာပထမအကြိမ် အစီရင်ခံတင်သွင်းမှုကိုလည်း အသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံတွင် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော မြို့များဖြစ်စေ ရေး၊ လက်ရှိပံ့ပိုးမှုများသည် ဒေသတွင်းနှင့် မြန်မာနိုင်ငံရှိ အခြားမြို့များမှပါ လိုအပ်သလို နမူနာယူဆောင်ရွက်နိုင် ကြောင်း၊ မသန်စွမ်းများ၊ ရွှေ့ပြောင်းနေထိုင်သူများ အပါအဝင် ထိခိုက်လွယ် အုပ်စုများပါဝင်စေရေး မူဝါဒ ချမှတ်ဆောင်ရွက်နေသည့် အခြေအနေကိုသိရှိရသဖြင့် အသိအမှတ်ပြုပါကြောင်း၊ အာရှဒေသသည် မကြာခဏ သဘာဝဘေးမျိုးစုံ ဖြစ်ပွားလေ့ရှိသည့်အတွက် မိမိတို့ အားလုံး ညီညွတ်စွာပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါ သည်ကို ထပ်လောင်းအသိပေးလိုကြောင်း ဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ကလည်း မြန်မာ နိုင်ငံတွင် ဆောင်ရွက်နေသည့် လူသားချင်းစာနာမှု အကူ အညီပေးရေးဆိုင်ရာများ၊ အိမ်နီးချင်းနိုင်ငံသို့ ရွှေ့ပြောင်း သွားသူများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ ပြင်ဆင် ဆောင်ရွက်နေမှုနှင့် ရပ်တည်ချက်များ၊ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေမှုများအား မိတ်ဖက်နိုင်ငံများ၏ ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများမှ သံအမတ်ကြီးများ၊ တာဝန် ရှိသူများနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုများအတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်

No comments:

Post a Comment