Tuesday, October 2, 2018

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မော်လမြိုင်တက္ကသိုလ် ဥပဒေပညာဌာနမှ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာ


Image may contain: one or more people, people sitting and indoor
နေပြည်တော် အောက်တိုဘာ ၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက် လေ့လာသော မော်လမြိုင်တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဦးဆောင်သည့် ဆရာမခြောက်ဦးနှင့် ကျောင်းသား ကျောင်းသူ ၆၈ ဦးတို့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ခြောက်ဦး စုစုပေါင်း ခုနစ်ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏တာဝန်မှာ ရွေးကောက်ပွဲများ ကျင်းပပေးရန်ဖြစ်ကြောင်း၊ အထွေထွေ ရွေးကောက်ပွဲပြီးပါက လွှတ်တော်ကိုယ်စားလှယ်များ လစ်လပ်သွားသည့် မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပေးရန် ဆောင်ရွက် ရပါကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် ရွေးကောက်ပွဲမတိုင်မီကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနှောင်းပိုင်းကာလဟူ၍ အပိုင်းသုံးပိုင်း ရှိကြောင်း၊ ရွေးကောက်ပွဲမတိုင်မီကာလတွင် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင် ခြင်း၊ စီမံချက်များရေးဆွဲခြင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် ဝန်ထမ်းများအား ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းဆိုင်ရာ သင်တန်းများပို့ချခြင်းတို့ကို ဆောင်ရွက် ရကြောင်း၊ ရွေးကောက်ပွဲကာလမှာ မဲဆန္ဒရှင်များ အဆင်ပြေစွာ မဲပေးနိုင်ရေး၊ ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေး၊ မဲရလဒ်များ ကြေညာခြင်း တို့ကို ဆောင်ရွက်ရကြောင်း၊ ရွေးကောက်ပွဲနှောင်းပိုင်းကာလတွင် ရွေးကောက်ပွဲ ကန့်ကွက်လွှာများကို ခုံရုံးများဖွဲ့စည်း ကြားနာစစ်ဆေ
းခြင်းတို့ကို ဆောင်ရွက်ရ ကြောင်း။
ကော်မရှင်အနေဖြင့် ၂ဝ၁၅ ခုနှစ် နောက်ပိုင်းတွင် ၂ဝ၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးခဲ့ပြီးဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်မှာ ကျင်းပပေးသွားမည် ဖြစ်ကြောင်း။
ဒီမိုကရေစီစနစ်လျှောက်လှမ်းသည့်နိုင်ငံများအနေဖြင့် ရွေးကောက်ပွဲ များကို ကျင်းပပေးရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံတော်၏ မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုသည့်ကဏ္ဍများကို အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် လွှတ်တော် ကိုယ်စားလှယ်များကို ပြည်သူလူထုက ၎င်းတို့၏ဆန္ဒနှင့်အညီ ရွေးကောက် တင်မြှောက်နိုင်ရန် ဆန္ဒမဲပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုတာဝန်ကို ကော်မရှင်အနေဖြင့် တာဝန်ယူ ဆောင်ရွက်ရာတွင် လွတ်လပ်ခြင်း၊ မျှတခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အများယုံကြည်လက်ခံခြင်း၊ ပြည်သူ့ဆန္ဒနှင့် ကိုက်ညီ သော ရလဒ်များရရှိစေရေးဆိုသည့် စံငါးချက်ကို ထားရှိပြီး ဆောင်ရွက်လျက် ရှိကြောင်း။
ယနေ့လာရောက်လေ့လာကြသည့် ကျောင်းသားများအနေဖြင့် ဥပဒေ ကျောင်းသားများဖြစ်သည်နှင့်အညီ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ ရွေးကောက်ပွဲလုပ်ငန်းများ၊ နိုင်ငံအတွက် ရွေးကောက်ပွဲတစ်ခု၏အရေးကြီးပုံ၊ ပြည်သူလူထု၏တာဝန်များကို သိရှိအောင်လေ့လာပြီး ပြည်သူလူထုသို့ သိရှိ စေရန် ဖြန့်ဝေဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် လည်း အုတ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့်ပါဝင်နိုင်ရေး ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။
ယင်းနောက် ကော်မရှင်ရုံး၏ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများက အကျဉ်းချုပ် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ကျောင်းသား ကျောင်းသူများက သိရှိလိုသည့်မေးမြန်းချက် များကို ကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment