Tuesday, October 2, 2018

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ (၅၄)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား ကျင်းပ


Image may contain: one or more people and people standing
ရန်ကုန် အောက်တိုဘာ ၁
(၅၄)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက် ၈ နာရီခွဲ တွင် ကမာရွတ်မြို့နယ် ကျွန်းတောလမ်းနှင့် ဟံသာဝတီလမ်းထောင့်ရှိ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက် (ရန်ကုန်)တွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ဆက်လက်၍ ရဲလုပ်ငန်းများကို ထူးချွန်စွာဆောင်ရွက်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ချီးမြှင့်သည့် ဂုဏ်ပြုဆု ၄၁ ဆု၊ ရဲချုပ်ဆု ၁၉ ဆုတို့အား ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။
ယင်းနောက် ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ကို ပြသပြီး ရဲတပ်ဖွဲ့ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။
သတင်းစဉ်

No comments:

Post a Comment