Sunday, October 28, 2018

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့်အဖွဲ့ ထိုင်းနိုင်ငံသို့လေ့လာရေးခရီးသွားရောက်

Image may contain: 4 people, outdoor


နေပြည်တော် အောက်တိုဘာ ၂၇

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ် ချုပ်ကြီး  အောင်ဝင်းဦးနှင့်အဖွဲ့သည် ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့ ရဲချုပ် ရဲဗိုလ် ချုပ်ကြီး  Chakthip Chaijinda ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၃ ရက်မှ  ၂၆  ရက်အထိ  ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင်    ကျင်းပသည့် POLSEC  2018     နိုင်ငံတကာ   နည်း ပညာအထောက်အကူပြုပစ္စည်းပြပွဲသို့ တက်ရောက်လေ့လာသည်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်သည် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့  ရဲချုပ် နှင့်  သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံရဲတပ်ဖွဲ့ အကြား    ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များ၊ Cyber Crime ၊ DNA နည်းပညာနှင့်ပတ်သက်သည့် လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်နိုင်မည့်သင်တန်းဆိုင်ရာကိစ္စရပ်များ၊  မူးယစ်ဆေးဝါးစစ် ဆေးရှာဖွေရေးခွေးများ၊ သင်တန်းလေ့ကျင့်နိုင်မည့်ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ရဲချုပ်နှင့်အဖွဲ့သည်  ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ကွပ်ကဲမှုအောက်ရှိ  ထိုင်းရဲအကယ်ဒမီ၊  အကြမ်းဖက်မှု      တန်ပြန်နှိမ်နင်းရေး  သင်တန်းကျောင်း၊ Crime  Scene  Investigation Department  တို့၏  လုပ်ငန်းဆောင် ရွက်မှုအခြေအနေများကိုလည်း   သွား ရောက်လေ့လာခဲ့ကြောင်း  သတင်းရရှိ သည်။        

                       သတင်းစဉ်

No comments:

Post a Comment