Tuesday, October 2, 2018

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ဦးဆောင်၍ လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ


Image may contain: 10 people, people smiling, people standing and indoor
နေပြည်တော် အောက်တိုဘာ ၁
ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ဦးဆောင်၍ လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများပါဝင်၍ လူငယ်နှင့် အနာဂတ် ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို စက်တင်ဘာ ၃ဝ ရက် မွန်းလွဲ ၁ နာရီက ပျဉ်းမနားမြို့နယ် ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ''ယခုလို လူငယ်တွေ ဆွေးနွေးကြမယ်ဆိုတော့ ခေါင်းစဉ်ပေးထားတဲ့ အတိုင်း အနာဂတ်ကိုဆွေးနွေးမှာဖြစ်တဲ့အတွက် လူငယ်နှင့် အနာဂတ်အကြောင်းအရာတစ်ခုကို ဝေဖန်ချင်တယ်၊ ဆွေးနွေးချင်တယ်၊ ထောက်ပြချင် တယ်ဆိုရင် လူငယ်များအနေနဲ့ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးနိုင်ပါတယ်။ အနာဂတ်ဆိုတာ လူတစ်ဦးတစ်ယောက် ရှေ့လျှောက်ရမယ့်ခရီးလို့ အဓိပ္ပာယ်ရပြီး လူငယ်များအနေနဲ့ အနာဂတ် ဆိုတဲ့ခရီး၊ ဘဝရှေ့ဆက်ရမယ့်ခရီးကို ဘယ်လို ရည်မှန်းထားသလဲ၊ ဘယ်လိုပုံဖော်ထားသလဲ ဆိုတာနဲ့ပတ်သက်ပြီး စဉ်းစားတွေးခေါ်မှုတွေ၊ အနာဂတ်ကို အကောင်းဆုံးပဲ့ကိုင်နိုင်တဲ့အရာကတော့ ပညာလို့ပဲ ယုံကြည်ပါတယ်။ အနာဂတ်ကို ပုံဖော်ထုဆစ်နိုင်ဖို့အတွက် တစ်ဦးချင်း ရှေ့လျှောက် ရမယ့် ဘဝအတွက် ပညာကသာ အဓိကဖြစ်ပြီး ယခုခေတ်ဆိုရင် ပညာခေတ်ဖြစ်နေပါပြီ'' ဟု ပြောကြားသည်။
ထို့နောက် လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ဒက္ခိဏခရိုင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦး၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင် နှင့် ဆွေးနွေးပွဲတွင်ပါဝင်သည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လူငယ်များ၏ အနာဂတ် ပိုမိုကောင်းမွန်စေရေးအတွက် ပညာ ရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်များအကြောင်းကို ဆွေးနွေးပြောကြား သည်။
ယင်းနောက် ကျောင်းသား ကျောင်းသူများ၏ မေးမြန်းဆွေးနွေးမှုများကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒက္ခိဏခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်တို့ကလည်းကောင်း၊ မူးယစ် ဆေးဝါးအန္တရာယ်နှင့် မှုခင်းရေးရာများကို နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေက လည်းကောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ နေပြည်တော်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ မြတ်ဝဏ္ဏစိုးကလည်းကောင်း၊ ပညာရေးနှင့် ပတ်သက်၍ နေပြည်တော်တိုင်းပညာရေးမှူး ဦးမျိုးဝင်းအောင်ကလည်းကောင်း၊ လူမှုရေးအဖွဲ့ အစည်းများနှင့်ပတ်သက်၍ နေပြည်တော်တိုင်း လူမှုဝန်ထမ်းဦးစီးမှူး ဦးထွန်းထွန်းနိုင်က လည်း ကောင်း၊ အားကစားနှင့်ပတ်သက်၍ နေပြည်တော် အားကစားနှင့် ကာယပညာဦးစီးဌာန တိုင်းဦးစီးမှူး ဦးတင်ဇော်ထွန်းကလည်းကောင်း၊ အလုပ်အကိုင် များနှင့်ပတ်သက်၍ နေပြည်တော် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးသန်းဝင်း၊ ဥပဒေပြုရေးနှင့်ပတ်သက်၍ စာရေးဆရာ ခင်မောင်ဇော်(ရှေ့နေ)တို့က အသီးသီးပြန်လည် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များမှ ကျောင်းသား ကျောင်းသူများ၊ ကိုယ်ပိုင် အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူ များ၊ ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်း သား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် စာပေ ဝါသနာရှင် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)

No comments:

Post a Comment