Thursday, October 4, 2018

အမျိုးသားမြေအသုံးချမှုမူဝါဒဆိုင်ရာဖိုရမ် ပိတ်ပွဲအခမ်းအနား ကျင်းပ


Image may contain: one or more people, people sitting, table and indoor
နေပြည်တော် အောက်တိုဘာ ၃
အမျိုးသားမြေအသုံးချမှုမူဝါဒဆိုင်ရာဖိုရမ် ပိတ်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။
အခမ်းအနားတွင် အမျိုးသားမြေအသုံးချမှုကောင်စီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယခုကျင်းပသည့် အမျိုးသားမြေအသုံးချမှုမူဝါဒဆိုင်ရာ ဖိုရမ်တွင် သက်ဆိုင်ရာ ကိုယ်စားလှယ်များက အမျိုးသား မြေအသုံးချမှု မူဝါဒ၊ အမျိုးသား မြေဥပဒေနှင့် မြေစီမံ ခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်စေခြင်း၊ အမျိုးသား မြေအသုံးချမှု အစီအစဉ်နှင့် မြေအသုံးချမှုဇုန်များ ရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ အမျိုးသားမြေသတင်း အချက်အလက် စီမံခန့်ခွဲသည့်စနစ်၊ အမျိုးသား မြေအသုံးချမှုကောင်စီ၏လုပ်ငန်းစဉ်များ၊ စိုက်ပျိုးမြေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုင်ရာ မြေယာကဏ္ဍဖွံ့ဖြိုးမှုနှင့် ဒေသခံပြည်သူများနှင့် သစ်တောသယံဇာတ ဆက်စပ်မှု အခြေအနေစသည့် အကြောင်းအရာများကို တင်ပြ ဆွေးနွေးခဲ့ကြပါကြောင်း။
အုပ်စုဖွဲ့ဆွေးနွေးခြင်းများတွင်လည်း ဖိုရမ်သို့ တက် ရောက်လာကြသည့် ကိုယ်စားလှယ်များက စိတ်ပါဝင်စား စွာ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အမျိုးသားမြေအသုံးချမှု ကောင်စီ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်များအပေါ် အုပ်စု အလိုက် ပြန်လည်အကြံပြု တင်ပြခဲ့ကြပါကြောင်း၊ ဖိုရမ် သို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များ၏ ဝိုင်းဝန်းဆွေးနွေးအကြံပြုချက်များသည် အမျိုးသား မြေအသုံးချမှုကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များအတွက် လွန်စွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ယခုဖိုရမ်မှ ဆွေးနွေးရရှိလာသည့် ရလဒ်ကောင်းများကို အခြေခံပြီး အနာဂတ်မြန်မာနိုင်ငံမှာ စနစ်တကျ ကောင်းမွန်သည့် မြေယာခန့်ခွဲမှုစနစ်များ ပေါ်ထွန်းလာစေရန် အမျိုးသား မြေအသုံးချမှုမူဝါဒနှင့်အညီ ပီပြင်ခိုင်မာစွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး အမျိုးသားမြေဥပဒေ ရေးဆွဲနိုင်ရေးတို့အတွက် ဆက်လက်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
အခမ်းအနားသို့ အမျိုးသားမြေအသုံးချမှုကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တပ်မတော် သားကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment