နေပြည်တော် အောက်တိုဘာ ၃
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ VigyanBhawan ခန်းမ၌ အောက်တိုဘာ ၂ ရက် ညနေ ၆ နာရီက ကျင်းပသည့်First General Assembly of International Solar Alliance (ISA) ၏ 2nd Global Renewable Energy (RE)– INVEST 2018 ဖွင့်ပွဲအခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr. Antonio Guterres နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Mr. NarendraModi တို့က မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။
အဆိုပါအစည်းအဝေးအား အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အစည်းအဝေးတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ကဏ္ဍရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားမည်ဖြစ်ပြီး အစည်း အဝေးကာလအတွင်း ဒေသတွင်း စွမ်းအင်ဝန်ကြီး များအဆင့် အစည်းအဝေးများ တက်ရောက်၍ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment