Tuesday, October 23, 2018

ပညာရေးကဏ္ဍများတွင် စွမ်းဆောင်ရည်မြှင့်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် အရည်အသွေးရှိသည့်ပညာရေးကို အကောင်အထည်ဖော်နိုင်မည်




 နေပြည်တော် အောက်တိုဘာ ၂၂



ပညာရေးဝန်ကြီးဌာန၏ Certificate in Critical Think-ing, Applied English and Microsoft Office Training သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက် အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးမှုရန်ပုံငွေ (Capacity Development Fund-CDF) ပံ့ပိုးမှုဖြင့် လေးနက်စွာတွေးခေါ်မှု၊ အင်္ဂလိပ် ဘာသာ ကျွမ်းကျင်မှု၊ ကွန်ပျူတာအသုံးချနိုင်မှုစွမ်းရည်များ တိုးတက်စေရန်International Leadership University-ILU မှ ဆရာများက သြဂုတ် ၃ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ ရက်သတ္တ ၁၂ ပတ် သင်တန်းဖွင့်လှစ်ပေးနိုင်ခဲ့ ပါကြောင်း၊ ဦးစီးဌာနများမှ အရာထမ်း ၇၅ ဦးသည် အောင် မြင်စွာ သင်တန်းတက်ရောက်နိုင်ခဲ့ပါကြောင်း၊ သင်တန်းသား များအနေဖြင့် ကျွမ်းကျင်မှုများရရှိကာ မိမိ၏လုပ်ငန်းခွင်တွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည် ဟုယုံကြည်ပါကြောင်း။
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နေသူများအနေနှင့် လေးနက်စွာ တွေးခေါ်မှုအရည်အသွေး၊ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုအရည် အသွေး၊ ကွန်ပျူတာအသုံးချနိုင်မှုအရည်အသွေးများ ပြည့်ဝစွာ ရရှိပြီး ပညာရေးကဏ္ဍများမှာ စွမ်းဆောင်ရည်မြှင့်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်၏မျှော်မှန်းချက်ဖြစ်သော အရည်အသွေးရှိသည့် ပညာရေးကို အကောင်အထည်ဖော် နိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေးတွင် ပါဝင်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ သင်တန်းပို့ချပေးသော Mr. Neil Macin-tyre နှင့် Mr. Richard Dare တို့က ကျေးဇူးတင်စကား ပြောကြားကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် တာဝန်ရှိသူများက သင်တန်းသားတစ်ဦးချင်းစီအား သင်တန်း ဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်

No comments:

Post a Comment