Wednesday, September 26, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် UNESCO နှင့် IMS / Fojo တို့မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ




Image may contain: 8 people, people sitting, table and indoor
 နေပြည်တော် စက်တင်ဘာ ၂၅


 

 ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်သည် UNES-CO နှင့် IMS/Fojo တို့မှ တာဝန်ရှိသူ များအား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ပြည်တွင်း/ ပြည်ပမီဒီယာ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ နှစ်စဉ် မြန်မာမီဒီယာ ဖွံ့ဖြိုးရေးညီလာခံ များကို ကျင်းပခဲ့ရာ ယခုနှစ်၏(၇) ကြိမ်မြောက် မြန်မာမီဒီယာဖွံ့ဖြိုးရေး ညီလာခံတွင် လက်ရှိအခြေအနေနှင့် ကိုက်ညီမည့် အကြောင်းအရာ ခေါင်းစဉ် များအား ကြိုတင်သတ်မှတ်ရွေးချယ် နိုင်ရေးနှင့် ညီလာခံမတိုင်မီ ခေါင်းစဉ် အလိုက် အကြိုဆွေးနွေးပွဲများ ကျင်းပ နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ Media Literacy နှင့် ပတ်သက်၍ UNESCO မှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ မြန်မာနိုင်ငံတွင် ပြည်သူများ၏ မီဒီယာအသုံးပြုမှုနှင့် ပတ်သက်၍ IMS/ Fojo က ပြုလုပ်ခဲ့သည့် စစ်တမ်းကောက် ယူခဲ့မှု ရလဒ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment