Wednesday, September 26, 2018

ဒုတိယအကြိမ် တရုတ်-အာဆီယံ ကျန်းမာရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးညီလာခံကျင်းပ



Image may contain: 13 people, people smiling, people standing and indoor

 နေပြည်တော် စက်တင်ဘာ ၂၅ 



ဒုတိယအကြိမ် တရုတ်- အာဆီယံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက် ရေးညီလာခံကို တရုတ်ပြည်သှူသမ္မတ နိုင်ငံ နန်နင်းမြို့တွင် စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပသည်။
အဆိုပါ ညီလာခံသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကိုယ်စား အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး၊ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်သန်း၊ ကုသရေးဦးစီးဌာန ရန်ကုန်ပြည်သှူ ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာ ခင်ခင်ထွေး၊ ညွှန်ကြားရေးမှူး (သွားနှင့် ခံတွင်းကျန်းမာရေး) ဒေါက်တာခင်မောင်၊ ပြည်သှူကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး(တီဘီ) ဒေါက်တာ ချိုချိုစန်း၊ ရန်ကုန် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာန ကထိက ဒေါက်တာ သိန်းထွန်းဦးတို့ တက်ရောက်ကြသည်။
ပူးပေါင်းဆောင်ရွက်ခဲ့
အဆိုပါ ညီလာခံဖွင့်ပွဲအခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ သည့် ခုနှစ်မှစတင်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အတူ ကျန်းမာရေးနှင့် အာဟာရစီမံချက်များကို ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်းမာရေး မြှင့်တင်ရေး၊ ကျန်းမာသော လူမှုဘဝပုံစံ တိုးမြှင့်ရေး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ကွပ်ကဲရေး၊ ရောဂါကာကွယ် တားဆီးရေး၊ ပတ်ဝန်းကျင်နှင့် လုပ်ငန်း ခွင်ကျန်းမာရေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအစရှိသည့် ကဏ္ဍများ တွင် စီမံချက်များအလိုက် ပါဝင်ဆောင် ရွက်ခဲ့ပါကြောင်း။
နယ်စပ်ချင်းဆက်စပ်လျက်ရှိ
မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုရည်မှန်းချက် (SDG) ကို ၂ဝ၃ဝ ပြည့်နှစ် အမီရရှိရေးအတွက် မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် တစ်မျိုးသားလုံး လွှမ်းခြုံ သော လူတိုင်းလက်လှမ်းမီသော ကျန်းမာ ရေးစောင့်ရှောက်မှု (UHC) ရရှိနိုင်ရန် အမျိုးသားကျန်းမာရေးစီမံကိန်း (၂ဝ၁၇-၂ဝ၂၁)ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ-တရုတ် ပူးပေါင်း ဆောင်ရွက်မှုကွန်ရက်တွင် ရောဂါ ကာကွယ်တားဆီးရေးကဏ္ဍ၊ တိုင်းရင်း ဆေးကဏ္ဍ၊ ဆေးရုံစီမံခန့်ခွဲမှုကဏ္ဍ နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ကဏ္ဍအစရှိသော ကဏ္ဍများတွင် ပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ် ပြည်သှူသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့ အကြား နယ်စပ်ချင်း ဆက်စပ်လျက်ရှိ သည့် အားလျော်စွာ MERS COV ကူးစက်ရောဂါ၊ Ebola ကူးစက်ရောဂါ၊ SARS ရောဂါအစရှိသည့် က္ဘာ့လုံး ဆိုင်ရာ ကပ်ရောဂါများ ထိန်းချုပ်ရေးတွင် အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ မကူးစက်တတ်သောရောဂါများ ထိန်းချုပ် ရေးစီမံချက် ၁၁ ခုကိုလည်း ပြည်သှူ ကျန်းမာရေးဦးစီးဌာန အောက်တွင် သီးခြားဌာန တစ်ခုသတ်မှတ်၍ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
တိုင်းရင်းဆေးကဏ္ဍ အနေဖြင့် တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် တိုင်းရင်းဆေးဝါးများကို ခေတ်ကာလ အဆက်ဆက် အသုံးပြုခဲ့ကြပြီး ပို၍ပို၍ ယုံကြည်အားကိုးကာ တိုးတက်ဖွံ့ဖြိုး အောင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ယနေ့ခေတ် အချိန်အခါ တွင် တိုင်းရင်းဆေးဝါးများကို အသုံးပြုမှု ပိုမိုများပြားလာကြောင်း၊ နိုင်ငံတော် အစိုးရ အဆက်ဆက်မှာလည်း တိုင်းရင်း ဆေးပညာကို အဘက်ဘက်က တိုးတက် ဖွံ့ဖြိုးအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းဆေးဝါးများ ဖော်စပ်ရာတွင် ဘေးဥပဒ် အ္တရာယ်ကင်းရှင်းမှု၊ အရည် အသွေးနှင့် အာနိသင်ပြည့်ဝမှုသည် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံတွင် ပေါက်ရောက်သော မြန်မာ့ဆေးဖက်ဝင် အပင်များ၏ စံချိန်စံòန်းကို သတ်မှတ် ဖော်ထုတ်နိုင်ရန်အတွက် မြန်မာပရဆေး ပင်ကျမ်းစာအုပ်အား အတွဲ(၂)အထိ ထုတ်ဝေပြီးဖြစ်ကြောင်း၊ တိုင်းရင်းဆေးဝါး များကို အသုံးပြုမှု တဖြည်းဖြည်းကျယ်ပြန့် လာသည်နှင့်အမျှ တိုင်းရင်းဆေးဝါး များ ဖော်စပ်ရာတွင် အသုံးပြုသော ဆေးဖက်ဝင်အပင်များအား မျိုးသုဉ်း ပျောက်ကွယ်မသွားစေရန်နှင့် ရေရှည် သုံးစွဲနိုင်ရန် ရည်ရွယ်၍ တရုတ်နှင့် အာဆီယံနိုင်ငံများမှ သက်ဆိုင်ရာ ပညာရှင် များအနေဖြင့် ချိတ်ဆက်၍ သင်တန်း များ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြီး မိမိတို့၏ သုတေသနတွေ့ရှိချက်များနှင့် အတွေ့အကြုံများအား ဖလှယ်နိုင်ရန် အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ဆွေးနွေး
အစည်းအဝေးအပြီး စက်တင်ဘာ ၂၁ ရက် ညနေတွင် မြန်မာကိုယ်စားလှယ် အဖွဲ့သည် Naning Medical Uni-versity, School of Dentistry၊ တရုတ် တိုင်းရင်းဆေးတက္ကသိုလ် (Uni-versity of Traditional Chinese Medicine)၊ ကွမ်းရှီ ပရဆေးဥယျာဉ် (Guan-gxi Botanical Garden) သို့ သွားရောက်လေ့လာခဲ့ပြီး နှစ်နိုင်ငံ ကြား ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
အစည်းအဝေး ဒုတိယမြောက်နေ့ တွင် တရုတ်-အာဆီယံ ရောဂါကာကွယ် နှိမ်နင်းမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပဉမအကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဖိုရမ်၊ ၂ဝ၁၈ တရုတ်- အာဆီယံ ဆေးရုံစီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၊ ၂ဝ၁၈ တရုတ်- အာဆီယံ ကျန်းမာရေးဆိုင်ရာ လူငယ်ဖိုရမ်တို့ကို တစ်ပြိုင်နက်တည်း ကျင်းပခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် သက်ဆိုင်ရာဖိုရမ်များတွင် တက်ရောက်ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment