Thursday, September 6, 2018

MIAပွဲတော်မှာ ပထမဆုံးပါဝင်ဆင်နွှဲခွင့်ရတဲ့အာရှတေးသံရှင် ဂျေပါ့ခ်

Image may contain: one or more people, people standing and outdoor
တောင်ကိုရီးယားရဲ့ နာမည်ကျော် တေးသံရှင်တစ်ဦးဖြစ်တဲ့ ဂျေပါ့ခ်ဟာ ''Made In America''လို့ အမည်ရတဲ့ MIA ပွဲတော်ကို ပထမဆုံး ပါဝင်ဆင်နွှဲခွင့်ရခဲ့တဲ့ အာရှတေးသံရှင်တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ကော့စမိုပိုလီတန်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်မှာတော့ အမေရိကန်နိုင်ငံရဲ့ အထင်ကရ တေးဂီတ ဖျော်ဖြေပွဲတစ်ခုဖြစ်တဲ့ DIAတေးဂီတပွဲတော်မှာ ဂျေပါ့ခ် ပါဝင်ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ ဒီပွဲတွေဟာ အမေရိကန်နိုင်ငံရဲ့ အလွန်ကို ကျော်ကြားတဲ့ တေးသံရှင်တွေ စုပေါင်းဖျော်ဖြေတဲ့ ပွဲတစ်ခုဖြစ်ပြီး ယခုနှစ်မှာ ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲဟာ ၆ ကြိမ်မြောက် ဖြစ်ကြောင်းလည်း သိရပါတယ်။
ဒီနှစ်ဖျော်ဖြေပွဲမှာတော့ ကမ္ဘာကျော်တေးသံရှင်တွေဖြစ်ကြတဲ့ နစ်ကီမင်နရှ်၊ ဒစ်ပလို၊ ပို့စ်မယ်လွန်၊ မစ်ခ်မေးလ်စတဲ့ တေးသံရှင်တွေ ဖျော်ဖြေခဲ့ကြတာဖြစ်ပြီး ဂျေပါ့ခ်ကလည်း သူတို့နဲ့အတူ ပါဝင်ဖျော်ဖြေခဲ့တာပါ။ နှစ်စဉ်ကျင်းပခဲ့တဲ့ အဆိုပါဖျော်ဖြေပွဲတွေမှာတော့ အာရှတေးသံရှင်တွေ ပါဝင်ခဲ့တာ မရှိသလောက်ရှားခဲ့ပါတယ်။ ဂျေပါ့ခ်ကတော့ ဒီပွဲတော်မှာ ပထမဆုံး ဖျော်ဖြေခွင့်ရခဲ့တဲ့ အာရှသားတေးသံရှင်တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ဒီဖျော်ဖြေပွဲအပြီးမှာတော့ ဂျေပါ့ခ်က ယင်းဖျော်ဖြေပွဲမှာ နယ်ခံပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့အတွက် ဝမ်းသာကြောင်းနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment