မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပဲခူးခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီက ဦးဆောင်၍ စက်တင်ဘာ ၅ရက် နံနက် ၁ဝနာရီခွဲက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ကမ္ဘာ့ ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲ ပြုလုပ်သည်။
ပဲခူးခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနိုင်ဦးနှင့်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာကိုဦးတို့က အဖွင့်အမှာစကားပြောကြားပြီး အကဲဖြတ်
အမှတ်ပေးဒိုင်အဖွဲ့ဝင် ဦးမောင်မောင်(ဦးစီးမှူး ပထမတန်း-ငြိမ်း) ကပြိုင်ပွဲဆိုင်ရာစည်းကမ်းချက်များကိုရှင်းလင်းပြောကြားသည်။
အမှတ်ပေးဒိုင်အဖွဲ့ဝင် ဦးမောင်မောင်(ဦးစီးမှူး ပထမတန်း-ငြိမ်း) ကပြိုင်ပွဲဆိုင်ရာစည်းကမ်းချက်များကိုရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်စိုးက ပြိုင်ပွဲဝင်မည့်တပ်ဖွဲ့ဝင်များ၏ ဝတ်စားဆင်ယင်မှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပဲခူးခရိုင်အတွင်းရှိ မြို့နယ်
ရှစ်မြို့နယ်အနက် ပဲခူး၊ သနပ်ပင်၊ ညောင်လေးပင်၊ ရွှေကျင်၊ ကျောက်တံခါးမြို့နယ် ငါးမြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များက တစ်ဦးချင်း စွမ်းရည်ပြသခြင်း၊ နှစ်ယောက်တွဲ၊ လေးယောက်တွဲ (ကျား/မ)စွမ်းရည်ပြသခြင်းများဖြင့် ပြိုင်ပွဲဝင်ယှဉ်ပြိုင်ကြသည်။

ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲအား ကြက်ခြေနီပညာရပ်ကို ကလေးများစိတ်ဝင်စားစွာသင်ယူမှုများရှိစေရန်၊ ဆုရလက်မှတ်များ ဂုဏ်ယူဝံ့ကြွားနိုင်စေရန်၊ အခြားသူများလည်း အားကျအတုယူလာနိုင်စေရန်၊ လူနာများကို ကူညီပေးလိုသောစိတ်ဓာတ်များရှိလာစေရန်ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ် ကြောင်းသိရသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာကိုဦး၊ တိုင်း ဒေသကြီး၊ ခရိုင်၊မြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ များနှင့် ကော်မတီဝင်များ၊ကြက် ခြေနီတပ်ဖွဲ့မှူးများနှင့် တပ်ဖွဲ့ဝင် များ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment