သီကီရ်ရေလှောင်တမံစီမံကိန်းသည် ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်း သီကီရ်ချောင်းကိုပိတ်၍ တည်ဆောက်ထားခြင်းဖြစ်သည်။ ရေဆင်းဧရိယာမှာ ၁ ဒသမ ၁ဝ စတုရန်းမိုင်ရှိသည်။ တမံအမျိုးအစားမှာ မြေသားတမံဖြစ်သည်။ တမံအလျား ပေ ၅ဝဝ၊ ကန်ရေပြည့်ရေလှောင်ပမာဏ ၁၃၆၅ ဧကပေ၊ ရေထုတ်ပြွန်အမျိုးအစား သံကူကွန်ကရစ်ရေထုတ်ပြွန် အရွယ်အစား အချင်း ၃ ပေ၊GRPရေပိုလွှဲအမျိုးအစား OGEE Pype ရေပိုလွှဲအလျား ၄၁၅ ပေ၊ ရေပိုလွှဲအကျယ်ပေ ၂ဝ၊ ဆည်ရေသောက်ဧရိယာ ဧက ၅၅ဝ ဖြစ်သည်။
သီကီရ်ရေလှောင်တမံစီမံကိန်းမှ ရေပေးဝေသည့် ကုန်းမြင့်လယ်ယာနှင့်တောင်ယာမြေများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကုန်းမြင့်လယ်ယာအကြမ်း ဖော်ထုတ်ခြင်းလုပ်ငန်းအား စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်ပြီး စက်မှုလယ်ယာဦးစီး
ဌာနမှ ထွန်စက်များဖြင့် ကုန်းမြင့်လယ်ယာများ ဖော်ထုတ်ပေးခဲ့ရာ ကုန်းမြင့်လယ်ယာ ၁ဝ၅ ဧကနှင့် တောင်ယာမြေ ၄၄၅ ဧက စုစုပေါင်း ဧက ၅၅ဝဝ ဖော်ထုတ်ပြီးစီးနေပြီ ဖြစ်သည်။
ဌာနမှ ထွန်စက်များဖြင့် ကုန်းမြင့်လယ်ယာများ ဖော်ထုတ်ပေးခဲ့ရာ ကုန်းမြင့်လယ်ယာ ၁ဝ၅ ဧကနှင့် တောင်ယာမြေ ၄၄၅ ဧက စုစုပေါင်း ဧက ၅၅ဝဝ ဖော်ထုတ်ပြီးစီးနေပြီ ဖြစ်သည်။
သီကီရ်ရေလှောင်တမံ စီမံကိန်းကို အမြင့်ပေ ၅ဝဝဝ ကျော်မှာရှိသည့် တောင်ပေါ်တွင် ရေလှောင်ပမာဏ ၁၃၆၅ ဧကပေရှိသည့် ရေသိုလှောင်ကန်ကြီးကို ဆောက်လုပ်ထားရာ စိမ်းမြမြတောင်ပေါ်တွင် ရေလှောင်ကန်ကြီးမှာ တင့်တယ်လှပစွာ တည်ရှိနေသည်။ ဆည်ရေသောက်စနစ် တည်ဆောက်ထားရှိမှုမှာ တောင်ပေါ်ဒေသဖြစ်၍ ရေပေးမြောင်းဖောက်လုပ် ရန်မလွယ်သည့်အတွက် ပိုက်လိုင်းစနစ်ဖြင့် စိုက်ပျိုးရေပေးဝေနေကြောင်း သိရသည်။
သီကီရ်ရေလှောင်တမံစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကြောင့် စိုက်ပျိုးရေအတွက် ဖူလုံနေသည့်အပြင် ယခုအခါ တည်ဆောက်ရေး(၃)မှ ဂါလန် ၂၃၄ဝဝဝ ဆံ့သောက်သုံးရေကန်ကို တည်ဆောက်ပေးထားသဖြင့် နောင်တွင်သီကီရ်ရေလှောင်တမံအတွင်းမှ
ရေကို သောက်သုံးရေကန်သို့ ပန့်ဖြင့်တင်၍ သောက်သုံးရေဖြန့်ဝေပေးရေးစနစ်ပါ တည်ဆောက်ထားသည်။ ထို့အပြင် အသေးစားရေအားလျှပ်စစ်(၅ဝ ကီလိုဝပ်) ထုတ်လုပ်ပေးသွားမည်ဖြစ်သဖြင့် လျှပ်စစ်မီးပါရရှိတော့မည်ဖြစ်၍ အနီးဝန်းကျင်ရှိ ကျေးရွာများမှာ ဝမ်းသာပျော်ရွှင်နေကြသည်။

တင်လှိုင်
No comments:
Post a Comment