Thursday, September 27, 2018

အရှေ့ကိုမျှော်တဲ့ပေါ်လစီကို ကျင့်သုံးပြီးတဲ့အခါမှာ အနောက်ဥရောပနိုင်ငံတွေကလည်း မြန်မာနိုင်ငံကို ပိုမိုလာရောက်ဖို့ Look West Policyကို ကျင့်သုံးဖို့အတွက် ခရီးသွားလုပ်ငန်းရှင်များအသင်းကနေ အကြံပြုလိုတယ်လို့လည်း သိရပါတယ်ဟိုတယ်နှင့် ခရီးသွာကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံစီးပွားခရီးသွားဖြင့် ကြိုးပမ်းတိုးမြှင့် ကမ္ဘာအဆင့်ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်းကျင်းပ


Image may contain: 5 people, people sitting and text
ရှင်မင်း
ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့်ပတ်သက်၍ ''နိုင်ငံစီးပွားခရီးသွားဖြင့် ကြိုးပမ်းတိုးမြှင့် ကမ္ဘာအဆင့်'' ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ရာ အဆိုပါစကားဝိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒေါ်ခင်သန်းဝင်း (ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန)၊ ဒေါ်မေမြတ်မွန်ဝင်း (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း)၊ ဦးခင်ဇော် (အကြံပေး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်)၊ ဦးသက်လွင်တိုး (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း)နှင့် ဦးအောင်မျိုးမင်းဒင် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း) တို့က ပါဝင်ဆွေးနွေးကြသည်။
အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ဆက်လက်ဖော်ပြအပ်ပါသည်-
အစီအစဉ်မှူး။ ။ ဒုတိယပိုင်းမှာ ပြည်ထောင်စုဝန်ကြီးရဲ့
အဖွင့်စကားနဲ့အတူ စီးပွားရေး စကားဝိုင်းအစီအစဉ်ကို စတင်ဖွင့်လှစ်ပေးပါဦး။
ပြည်ထောင်စုဝန်ကြီး။ ။ ကျွန်တော်တို့ ဟိုတယ်နဲ့ခရီးသွား
လာရေးဝန်ကြီးဌာန အနေနဲ့ ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်တဲ့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ဗဟိုကော်မတီအစည်းအဝေး သုံးကြိမ် ခေါ်ပြီးပါပြီ။ အဲဒီလို သုံးကြိမ် ခေါ်တဲ့အခါမှာလည်း လတ်တလော ခရီးသွားလုပ်ငန်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာ၊ အခက်အခဲတွေ၊ ဆောင်ရွက်သင့်တာတွေ ဝိုင်းဝန်းပြီး လုပ်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကိုပါ ဖိတ်ပြီးတော့ ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့အစည်းတွေ ပါဝင်ညှိနှိုင်း ဖော်ဆောင်ကြပြီး ဘာတွေဆက်လုပ်ကြရမလဲဆိုတာ စီစဉ်ချမှတ်ထားတာရှိပါတယ်။ အဲဒီလို ချမှတ်ထားတာနဲ့ ပတ်သက်လို့ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ ဦးသက်လွင်တိုးကနေပြီး မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘာတွေစီစဉ်ထားတယ်၊ ဘာတွေ လုပ်ဆောင်သွားမယ်၊ ဘယ်လိုစိတ်ကူးထားတယ်ဆိုတာ ပြောပြပါ။
ဦးသက်လွင်တိုး။ ။ ကျွန်တော်တို့ Tour Operator
တွေနဲ့ ဖွဲ့စည်းထားတဲ့ ခရီးသွား လုပ်ငန်းရှင်များအသင်းကတော့ ကိုယ့်ဆီကို ဧည့်သည် တွေလာတဲ့အခါမှာ ဈေးကွက်အလိုက် Value Service ဖြစ်အောင် အဓိကလုပ်ပေးရပါတယ်။ တန်ရာတန်ကြေး ဝန်ဆောင်မှုပေးနိုင်အောင် ဟိုတယ်အသင်းနဲ့ စားသောက် ဆိုင်လုပ်ငန်းရှင်တွေကလည်း သူတို့ကဏ္ဍအလိုက် Service Provider အပိုင်းက ပြင်ဆင်ထားရသလို အခုလည်း ကျွန်တော်တို့ ပရိုမိုးရှင်းလုပ်တဲ့အခါမှာ တစ်ဖက်က ဒေါ်မေမြတ်မွန်ဝင်းတို့အသင်းက ကမ္ဘာ တစ်ဝန်းမှာသွားပြီး ဈေးကွက်ရှာသလို ကျွန်တော်တို့တွေ လည်း နှစ်ပေါင်း ၂ဝ၊ ၂၅ နှစ်မက ရှေ့ပိုင်းမှာ ကိုယ့်ကုမ္ပဏီ လူသိဖို့ထက် မြန်မာနိုင်ငံကို သိအောင်လုပ်ခဲ့ရပါတယ်။ သိလာလို့ လာတဲ့လူတွေကို ကျွန်တော်တို့ ဝန်ဆောင်မှု ပေးရတယ်။
စိန်ခေါ်မှု
ဈေးကွက်တွေက ဒီနေ့ကမ္ဘာမှာ ပြောင်းလဲလာပါပြီ။ အရင်လို Package Tour တွေချည်းပဲTour ကုမ္ပဏီတွေနဲ့ မှီပြီးလာတာမဟုတ်တော့ဘဲနဲ့ B to C တိုက်ရိုက်ဝင်လာ ကြတယ်။ ဟိုတယ်တွေလည်း တိုက်ရိုက် booking နဲ့ ဝင်လာကြတယ်ဆိုတော့ ဒါက ကျွန်တော်တို့ရဲ့စိန်ခေါ်မှုပါ။ အခုချိန်မှာ ဘယ်လိုပဲလာလာ၊ စဉ်ဆက်မပြတ် ဧည့်သည် တွေလာဖို့၊ ပိုမိုသိဖို့လုပ်ရမှာက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မှာရှိတဲ့ Stakeholder တွေ အားလုံးရဲ့ တာဝန်ပါ။ အစိုးရတစ်ခုထဲ အားထားလို့မရဘူး။ ပူးပေါင်းရမယ်။ ဒါကြောင့်မို့ ဒီကဏ္ဍမှာ Look East Policy ကို ဝန်ကြီး ဌာနကနေ လက်ရှိကျင့်သုံးနေတဲ့ အခြေအနေလေးကို ဒေါ်ခင်သန်းဝင်းအနေနဲ့ ပြောပြဆွေးနွေးပေးစေချင် ပါတယ်။
ဒေါ်ခင်သန်းဝင်း။ ။ ခရီးသည် တစ်ယောက်အတွက်
နိုင်ငံတစ်နိုင်ငံက တစ်နိုင်ငံကို သွားတဲ့အခါမှာ ဗီဇာ ရယူဖို့အတွက် အချိန်တွေ အများ ကြီးပေးရရင် အဲဒီနိုင်ငံကို မသွားချင်ကြတော့ဘူး။ ဒါကြောင့်မို့ ခရီးသွားလောကမှာ ဗီဇာကင်းလွတ်ခွင့်ပေး တယ်ဆိုတဲ့ မူဝါဒကို တခြားနိုင်ငံတွေမှာ ကျင့်သုံးနေကြပြီ။
မြန်မာနိုင်ငံအနေနဲ့လည်း ဗီဇာကင်းလွတ်ခွင့်ပေးဖို့ ကျွန်မတို့ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်တဲ့၊ ဆက်စပ်တဲ့ ဝန်ကြီးဌာနတွေရဲ့ ဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ အကြိမ်ကြိမ်အစည်းအဝေးလုပ်ပြီးတဲ့အခါမှာ အာဆီယံရဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံ တွေက ခရီးသည်တွေကို ဗီဇာကင်းလွတ်ခွင့်ပေးပါ့မယ်။ ပြီးတော့ တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုတို့က သာမန် နိုင်ငံကူးလက်မှတ်ကိုင်ထားတဲ့သူတွေကို Visa On Arrival ပေးပါ့မယ်ဆိုပြီး အလုပ်သမားနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနက ကြေညာထားပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံကို လာရောက်မှု
သို့သော်လည်း အဲဒီမှာ တချို့သောအချက်များကညှိနှိုင်းရမှာဖြစ်တဲ့အတွက်ကြောင့် ဒီထက်ပိုပြီး ပွင့်လင်း မြင်သာပြီး ဖြေလျှော့မှုရှိတဲ့ Regulation တစ်ခုကို ထပ်ထုတ်မယ်လို့သိရပါတယ်။ ခုနက ပေါ်လစီတွေကိုတော့ အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ အခုချိန်မှာဆိုရင် တရုတ်နိုင်ငံကို Visa On Arrival မပေးသေးသော်လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လာရောက်မှုက အခုဆိုရင် ဇန်နဝါရီလကနေ ဇူလိုင်လ အထိ ၃၄ ရာခိုင်နှုန်းအထိ မြင့်တက်နေပါတယ်။
တရုတ်နိုင်ငံသားတွေက သူတို့နိုင်ငံတွင်းမှာသာမက ကျွန်မတို့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အခါမှာ စင်းလုံးငှားလေယာဉ်တွေနဲ့ လာကြတာရှိပါတယ်။ ဒါ့အပြင် Schedule Flight တွေနဲ့ လာကြတာရှိပါတယ်။ ဒါကြောင့်မို့ တရုတ်ခရီးသွားတွေကို Visa On Arrival ပေးပြီးတော့ ဂျပန်နဲ့ တောင်ကိုရီးယားကို ဗီဇာကင်းလွတ်ခွင့် ပေးခြင်းဟာ Look East Policy ဖြစ်တယ်။ အောက်တို ဘာလ ၁ ရက်မှာဆိုရင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ နေပြည် တော်လေဆိပ်တွေမှာ လာလည်တဲ့ ခရီးသွားဧည့်သည် တွေကို အခမ်းအနားနဲ့ကြိုဆိုဖို့ အစီအစဉ်တွေလည်း လုပ်ထားပါတယ်။ အရှေ့ကိုမျှော်တဲ့ ပေါ်လစီကို ကျင့်သုံး ပြီးတဲ့အခါမှာ အနောက်ဥရောပနိုင်ငံတွေကလည်း မြန်မာ နိုင်ငံကို ပိုမိုလာရောက်ဖို့ Look West Policy ကို ကျင့်သုံးဖို့အတွက် ခရီးသွားလုပ်ငန်းရှင်များအသင်းကနေ အကြံပြုလိုတယ်လို့လည်း သိရပါတယ်။
ဦးသက်လွင်တိုး။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံခရီးသွား
လုပ်ငန်းအဖွဲ့ချုပ်ကလည်း ကော်မတီ ခြောက်ရပ်နဲ့ ကိုရီးယား၊ ဂျပန်၊ တရုတ် ကမ္ဘာလှည့်ခရီးသွား တိုးတက်ဖွံ့ဖြိုးရေးကော်မတီတွေရှိတယ်။ ဒေါ်မေမြတ် မွန်ဝင်းကလည်း ဥရောပနဲ့ပတ်သက်ပြီး လုပ်နေပြီဆိုတော့ ဒါတွေဟာ တကယ်လည်း လိုအပ်ပါတယ်။ နှစ်ပေါင်း ၂ဝ၊ ၃ဝ လောက်က အနောက်နိုင်ငံတွေက အဓိက Value Tourists တွေနဲ့ မြန်မာနိုင်ငံဟာ လူသိထင်ရှား ခဲ့တာပါ။ အခုချိန်မှာ စဉ်ဆက်မပြတ်လည်း ဆက်လုပ် ရမယ်။ လုပ်ရတဲ့အခါ အခုကာလတိုတစ်ခုမှာတော့ စမ်းသပ်ကာလအဖြစ် Look East Policy မှာ နိုင်ငံ သုံးနိုင်ငံကို ဗီဇာ ဖြေလျှော့တယ်။ အနောက်နိုင်ငံတွေထဲ မှာလည်း စာရင်းအရဆိုရင် ၁၂ နိုင်ငံထဲမှာ နံပါတ် ၁ က အမေရိကန်၊ ပြီးတော့ ပြင်သစ်၊ ဂျာမနီ၊ စပိန်နဲ့ အီတလီ တို့ရှိသလို နယူးဇီးလန်နဲ့ သြစတြေးလျ အုပ်စုက မနှစ်က စုစုပေါင်းခရီးသွား ၁ ဒသမ ၃ မီလီယံဝင်တဲ့အခါမှာ ၃၉ ရာခိုင်နှုန်းလောက် ရှိတယ်။ ဈေးကွက်ဝေစုအနေနဲ့ ဆက်တက်ဖို့မျှော်လင့်ပေမယ့် အကြောင်းကြောင်းကြောင့် နှေးကွေးသွားတဲ့အချိန်မှာ စဉ်ဆက်မပြတ်လုပ်ခဲ့တာထက် ဗီဇာတွေ ဖြေလျှော့တဲ့ကိစ္စမှာ ဒီထဲက ရောက်ရှိမှုပေါ်မူတည် ပြီး စံနှုန်းတစ်ခုနဲ့ဖြစ်သင့်တဲ့ နိုင်ငံတချို့ကို စမ်းသပ်ကာလ တစ်ခုမှာ ပေးသင့်တယ်လို့ ဆွေးနွေးလိုပါတယ်။
ပြည်ထောင်စုဝန်ကြီး။ ။ အဲဒီဟာက ကျွန်တော် ခုနက
ဆွေးနွေးခဲ့တဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက် ဆောင်ရွက်တဲ့အဖွဲ့ ငါးဖွဲ့၊ အမှန်တကယ်က ပြည်တွင်းခရီးသွားအတွက် အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ အဲဒီ ဟာက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့အတွက်၊ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအတွက် အရေးကြီးပါတယ်။ ခုနက ဦးသက်လွင်တိုးပြောသွားတဲ့ ရေခံတာ၊ ရေသွယ်၊ ရေရှာ တာတို့ပါ၊ အခုရေရှာတဲ့အပိုင်း ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အဖွဲ့က ဘာတွေလုပ်နေသလဲဆိုတာ ဒေါ်မေမြတ်မွန်ဝင်း က ပြည်သူတွေသိအောင် ပြောပြဆွေးနွေးပေးပါ။
ဒေါ်မေမြတ်မွန်ဝင်း။ ။ ခုနက ဦးသက်လွင်တိုးက
ရေကောင်းရေသန့် များများရှာဖို့ ပြောထားပါတယ်။ ကျွန်မတို့Traditional Marketing လည်း တစ်ဖက်ကလုပ်နေသလို ကျွန်မတို့ ခေတ်နဲ့အညီ Digital Marketing ကိုလည်း အပြိုင်ဆောင်ရွက်နေ ပါတယ်။ Traditional Marketing ကတော့ B to B ဖြစ်တဲ့ ကုန်သွယ်မှုပြပွဲတွေ၊ ခရီးသွားပြပွဲတွေ၊ Road show တွေ ဒီနှစ်ဆို ၁၉ ခုအတွက်ပေါ့။ အဲဒီအတွက်ကို အစီအစဉ်လုပ်ပြီးတော့Target ဈေးကွက်တွေကို သွားဖို့ စီစဉ်ထားပါတယ်။ စီစဉ်ထားသလို ပြီးခဲ့တဲ့ ၁ဝ နှစ်နဲ့ ၁၅ နှစ်အတွင်းမှာ တစ်ကမ္ဘာလုံးက လူတွေရဲ့နေထိုင်မှုဘဝ ပုံစံက ပြောင်းလဲသွားတယ်။ အင်တာနက်နဲ့ နည်းပညာ တွေရဲ့ ပြောင်းလဲတိုးတက်မှုအရ ဈေးဝယ်တဲ့ ပုံစံတွေ၊ trans- တွေ၊ နေ့စဉ်ဘဝကအစ အားလုံးအပြောင်းအလဲ ဖြစ်သွားပြီး အားလုံးက ဒစ်ဂျစ်တယ်ပေါ်ကို ရောက်လာကြ တာကို တွေ့ကြရမှာပါ။
တစ်ကမ္ဘာလုံး
အခုတောင်မှပဲ အားလုံးက မိုးလင်းလို့ အိပ်ရာက နိုးရင် အကုန်လုံးက နီးတဲ့ဖုန်းကို ဆွဲပြီးတော့ ကြည့်ကြတဲ့ သူ၊ ဖေ့ဘွတ်ခ်နဲ့ မျက်နှာသစ်တဲ့သူ ၉၅ ရာခိုင်နှုန်းလောက် ရှိမယ်လို့တော့ ကျွန်မထင်ပါတယ်။ သတင်းတွေအားလုံးက ဒီအပေါ်မှာ Update ရှိနေတာဆိုတော့ ကိုယ်အိပ်နေတဲ့ အချိန်မှာ ဘာဖြစ်သွားလဲဆိုတာ သိချင်တော့ တစ်ကမ္ဘာလုံး မှာ ဖြစ်နေတဲ့အဖြစ်အပျက်တွေ၊ သတင်းတွေ၊ Update အကုန်လုံးက ဒီအွန်လိုင်းမှာ ရှိနေတယ်။ ကျွန်မတို့ရဲ့ စားသုံးသူတွေက အွန်လိုင်းမှာရှိနေတဲ့အခါကျတော့ ကျွန်မတို့ရဲ့ ဒီဘက်က marketing effect တွေ အားလုံး ဟာ မိုဘိုင်းရဲ့ ဟိုဘက်မှာရှိတဲ့ စားသုံးသူတွေနဲ့ အမြဲတမ်းဆက်သွယ်နေရတဲ့အတွက်ကြောင့် destination တွေ၊ tourism vote တွေ၊ အားလုံးဟာ တကယ့်ကို အပြိုင်အဆိုင်ပေါ့။ သူတို့တွေရဲ့ marketing strategy ဆိုပြီးတော့ Digital Marketing ကို ထိပ်ဆုံးမှာ တင်ပါ တယ်။ ဒစ်ဂျစ်တယ်လို့ ပြောတဲ့အခါမှာ နည်းပညာနဲ့ technology plus story telling ပါ။ နည်းပညာ အပိုင်းကျတော့ သူတို့ရဲ့နည်းပညာတွေ ရှိပါတယ်။ သွားချင်တဲ့ ဈေးကွက်ကို ဘယ်စနစ်တွေနဲ့ ဘယ်လိုမျိုးတွေနဲ့ သွားမယ်ဆိုတာ တကယ် Very technical ဖြစ်ပါတယ်။ နည်းပညာတွေ အသုံးပြုတယ်။ ဒါပေမယ့် သွားတဲ့အခါမှာ ဘာပြောမှာလဲ၊ ကျွန်မတို့ သွားချင်တဲ့ Market ကို ဘယ်လို Story တွေ ပေးမှာလဲဆိုတာ အရေးကြီးပါတယ်။ Content နဲ့ Story ဟာ အရေးကြီးပါတယ်။
အခုဆိုရင် ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်၊ ဦးဆောင်မှု နဲ့ ကျွန်မတို့ Digital Marketing Committee ဖွဲ့ထား ပါတယ်။ တစ်လလောက်ပဲ ရှိပါသေးတယ်။ အဲဒီမှာ ကျွန်မတို့ အကြံပေးဘုတ်အဖွဲ့ရယ်Think Tank ဆိုပြီး ရှိပါတယ်။Think Tank က အရေးကြီးပါတယ်။Think Tank က ကျွန်မတို့ Private ဘက်က် IT ပညာရှင်တွေနဲ့ ကျွန်မတို့ Marketing ဘက်က Story Teller တွေ၊ Customer တွေကို စဉ်ဆက်မပြတ် ပုံပြင်ကောင်းတွေ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ပုံပြင်တွေ ပြောနေမယ့်လူတွေနဲ့ ပေါင်းပြီးတော့ ဖွဲ့ထားတဲ့ Think Tank တစ်ဖွဲ့ရှိပါတယ်။
Digital Marketing Committee ကနေပြီးတော့ ကျွန်မတို့ ပြောချင်တဲ့ မက်ဆေ့ခ်ျတွေကို တကယ်ပို့ချင်တဲ့ Channel တွေအများကြီးရှိတယ်။ vehicle တွေ အများကြီးရှိတယ်။ platform တွေက vehicle တွေ ဖြစ်ပါတယ်။google app တွေ၊ trip advisor တို့၊ အခု တရုတ် Market ဆိုရင်လည်း BATလို့ခေါ်တဲ့ platform တွေ၊ ဒီ platform ပေါင်းစုံကနေ ပို့ဖို့ဆိုပြီးတော့ ကျွန်မတို့ စီစဉ်နေကြပါတယ်။
အရေးကြီးတာတွေ
New Tourism Brand ဖြစ်တဲ့ စွဲမက်ဖွယ်ရာ ပြည်မြန်မာစပြီး launch လုပ်တဲ့အခါမှာလည်း တစ်ပြိုင်နက် Digital campaign ကိုစပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီမှာ အရေးကြီးတာတွေက ဘာတွေလဲဆိုတော့ Story တွေကို ဘယ်လိုပြောမလဲပေါ့။
ပြည်ထောင်စုဝန်ကြီး။ ။ အဲဒီလို Story ပြောတဲ့အခါမှာ
တရုတ်ဆို တရုတ်လိုပြောမယ်။ ဂျပန်ဆို ဂျပန်လိုပြောမယ်။ ကိုရီးယားဆို ကိုရီးယားလို ပြောမယ် စသည်ဖြင့် နိုင်ငံအလိုက်၊ သူတို့ဘာသာစကားနဲ့ Story Telling ကို လုပ်မယ်။ အဲဒီ Story Telling က လည်း မြန်မာနိုင်ငံကိုလာရင် ဘာတွေသိရှိခံစားရမယ်ဆိုတဲ့ Story ကို ဘာသာရပ်အလိုက် ပြောဖို့တော့လိုပါတယ်။
ဒေါ်မေမြတ်မွန်ဝင်း။ ။ ဟုတ်ပါတယ်ရှင့်။ တရုတ်ဆို
တရုတ်လို သူတို့ရဲ့ expatriation ပေါ့။ ဂျပန်ဆိုလည်း ဂျပန်လို၊ အဲဒီမှာလည်း Japan market ကို target ထားတာမှာ ဂျပန်လူမျိုးတွေရဲ့ expatriation နဲ့ သူတို့တွေရဲ့ လိုအပ်ချက်ပေါ့၊ အဲဒါတွေက နည်းနည်းလေးတော့ ကွဲနေတယ်။ ကျွန်မတို့ target ထားတဲ့ Customer group တွေကို မူတည်ပြီးတော့ လည်း ပေးချင်တဲ့အကြောင်းအရာကလည်း နည်းနည်း ပြောင်းလဲသွားနိုင်ပါတယ်။ အရေးကြီးတာက ဗီဒီယို တွေပါ။ ယေဘုယျဆန်တဲ့ ဗီဒီယိုရော၊ နောက်တစ်ခါ တကယ်သေသေချာချာ target group ကို ရည်ရွယ် ရိုက်ထားတဲ့ ဗီဒီယိုတွေလည်း အရေးကြီးပါတယ်။
အခုနောက်ပိုင်းကျတော့ ၃၆ဝ ဓာတ်ပုံတွေ၊ virtual Tour တွေ၊ အဲဒါတွေလည်း အရေးကြီးပါတယ်။ ဒါတွေ ကို ကျွန်မတို့ အင်စတာဂရမ်၊ ဖေ့ဘွတ်ခ်၊ တွစ်တာ၊ ယူကျု တွေမှာ အမြဲတမ်းရှိနေဖို့ပေါ့။ ဒီ affect က တစ်ခါတည်း လုပ်လို့မရဘူး။ အဲဒါကြောင့် ကျွန်မတို့က စဉ်ဆက်မပြတ် Update လုပ်နေရမှာ။ ပြောတဲ့အခါမှာလည်း ရိုးမသွား အောင်၊ တစ်ခါလာလည်း ဒီအကြောင်း၊ နောက်တစ်ခါ လာလည်း ဒီအကြောင်း မဟုတ်အောင် ကျွန်မတို့က ဆွဲဆောင်ရမှာပါ။ မြန်မာပြည်မှာ ပွဲတော်တွေ အများကြီး ရှိတော့ ပွဲတော်တွေအကြောင်း ပြောလို့ရပါတယ်။ ပြီးတော့ ခုနက ပြည်ထောင်စုဝန်ကြီးပြောသွားတဲ့ နှင်းဖုံးတောင်တန်း တွေ၊ ပြီးတော့ စွန့်စားခရီးသွားတွေအတွက်ဆို တောင်တက်ခြင်း၊ trekking ၊
စက်ဘီးစီးခြင်းတွေ ဒါမျိုးတွေကို စဉ်ဆက်မပြတ် သတင်း အချက်အလက်ပေးသွားဖို့ စီစဉ်နေပါတယ်။ နောက်တစ်ခါ mobile app တွေ၊ ဒါတွေကလည်း အရေးကြီးလာတဲ့အချိန် ဖြစ်လာတဲ့အတွက်ကြောင့် ပြိုင်ရတဲ့အခါမှာ ကိုယ့်ပြိုင်ဘက် ဟာ တခြား destination တွေ ဖြစ်ပါတယ်။ တခြား destination တွေကလည်း အားနဲ့ ခွန်နဲ့ လုပ်နေသလို ကျွန်မတို့ကလည်း လုပ်မှဖြစ်မှာပါ။ ဒါကြောင်မို့ Digital committee ဖွဲ့ပြီး Digital Platform ကနေတစ်ဆင့် စပြီး ကျွန်မတို့ လုပ်ဖို့ရှိပါတယ်။
ပြည်ထောင်စုဝန်ကြီး။ ။ ဒီနေရာမှာ တစ်ခုကsport

tourismကို မိတ်ဆက်ဖို့ပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာဆို ဂေါက်ကွင်းကောင်းတွေ ရှိတာပဲ။ ဂေါက်ကွင်းအကြောင်းနဲ့ပတ်သက်ရင် ဦးအောင်မျိုးမင်းဒင်က ပိုပြောပြနိုင်မယ်ထင်တယ်။
ဦးအောင်မျိုးမင်းဒင်။ ။ ကျွန်တော်တို့ အောက်တိုဘာ
လထဲမှာ မြင်းခြံနားမှာ ဂေါက် ကွင်းတစ်ခုဖွင့်ပါမယ်။ အဲဒီဂေါက်ကွင်းက အရီဇိုးနားက ကွင်းကဲ့သို့ပဲ အရှေ့တောင်အာရှမှာ အဆင့်မီတဲ့ ကွင်း တစ်ကွင်းကို မကြာမီဖွင့်ပါတော့မယ်။ အံ့သြဖို့ ကောင်းပါ တယ်။ အဲဒီကွင်းမှာ မြက်ရဲ့ ရေရရှိမှုကြောင့်လားတော့ မသိဘူး၊ အေးနေတာပဲ။ ကျွန်တော်လည်း ဖိတ်တော့ သွားရိုက်ဖူးတယ်။ အာဆီယံမှာလည်း ဂေါက်သွားရိုက်ဖူး တယ်။ ဒီလောက် ကျွန်တော်တို့ မပျော်ဘူး။ တော်တော်ကို ကျွန်တော်တို့အတွက် challenge ဖြစ်တယ်။ ပြိုင်ပွဲ တွေအတွက်ဆို မြန်မာနိုင်ငံမှ တကယ်ကို နိုင်ငံတကာ အဆင့်မီတာတွေ ရှိပါတယ်။ မန္တလေးမှာဆိုလည်း မန္တလေးတောင်ခြေဂေါက်ကွင်းက နိုင်ငံတကာအဆင့်မီ တယ်။ ညတောင် ရိုက်လို့ရတယ်။ ရန်ကုန်မှာလည်း ညရိုက်ဂေါက်ကွင်း ရှိတယ်။ အဲဒီအပြင် ပုဂံဂေါက်ကွင်း လိုမျိုးဆိုရင် ဂေါက်ရိုက်နေရင်းနဲ့ ဘုရားတွေကို လှမ်းပြီး မြင်နေရတဲ့ View Point လေးတွေ ရှိနေတယ်။ ဒါတွေ အကုန်လုံးက နိုင်ငံတကာမှာ ယှဉ်လို့ရပါတယ်။
နောက်တစ်ခုကတော့ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်း ရှင်များအသင်းကနေ myanmar golf federation နဲ့ ညှိထားတာတစ်ခုရှိပါတယ်။ အဲဒီမှာလည်း ကျွန်တော်က CEC ရွေးကောက်ပွဲပြီးတဲ့အခါမှာ CEC အနေနဲ့ ပြန်အရွေးခံရတယ်။ အဲဒီမှာလည်း ကျွန်တော်တို့ ညှိနှိုင်းထားတာ ရှိတယ်။ အာဆီယံမှာ golf handicap လုပ်ဖို့ ပြင်ဆင်နေပါတယ်။ ကျွန်တော်တို့က ခရီးသွား တွေကိုပဲTarget ထားတာမဟုတ်ဘူး။ ကျွန်တော်နိုင်ငံကို ကျွန်တော်တို့က တန်ဖိုးထား၊ အလေးထားတယ်ဆိုတာ ပြချင်တာလည်း ပါပါတယ်။
ဂျပန်ရော၊ ကိုရီးယားရော ဂေါက်ရိုက်တာကို တကယ့်ကို နှစ်သက်သူပါ။ မြင်းခြံနားမှာဖွင့်မယ့် မြို့သာ မြို့သစ်စီမံကိန်းမှာလည်း ဂေါက်အကယ်ဒမီ ပါပါတယ်။ ဒီအကယ်ဒမီကလည်း တကယ့်ကို နိုင်ငံတကာအဆင့်ပါ။ လာမယ့် သင်ကြားပြသသူတွေကလည်း နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။ သေချာကို လုပ်ထားပါတယ်။ ဒီအကယ်ဒမီ ကလည်း ဂျပန်၊ ကိုရီးယားအတွက် အထောက်အကူ ဖြစ်လာမှာ ဖြစ်ပါတယ်။

No comments:

Post a Comment