Thursday, September 27, 2018

စစ်တွေမြို့ရှိ သက္ကယ်ပြင်ကယ်ဆယ်ရေးစခန်း၌ ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့ သတင်းရယူ


Image may contain: 6 people, people on stage, outdoor and nature
စစ်တွေ စက်တင်ဘာ ၂၆
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေမှုများကို သတင်းရယူနိုင်ရန် ပြည်တွင်း ပြည်ပ သတင်းမီဒီယာများပါဝင်သော သတင်းအဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရောက်ရှိကြသည်။
ထို့နောက် သတင်းမီဒီယာအဖွဲ့သည် စစ်တွေမြို့ရှိ သက္ကယ်ပြင်ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိကြပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စခန်းအတွင်းနေထိုင်ကြသူ များအား ပြန်လည်နေရာချထားပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ မေးမြန်းသတင်းရယူကြသည်။
ဆက်လက်၍ စခန်းအတွင်းနေထိုင်ကြသူများအား တွေ့ဆုံ၍ ၎င်းတို့၏ လတ်တလောနေထိုင်စားသောက်မှု အခြေအနေများကို သတင်းရယူကြသည်။
ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့တွင် Nikkei Shimbun, NHK, Nippon TV, CRI, CNN, The Guardian Newspaper, The Washington Post, CBC , Arte Television , MRTV, MITV နှင့် MNA တို့မှ သတင်းသမားများ ပါရှိသည်။
၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ဖြစ်စဉ်နောက်ပိုင်း ရခိုင်ပြည်နယ်သို့ သတင်းမီဒီယာအဖွဲ့များ စေလွှတ်မှုမှာ ၂ဝ၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝ၁၇ ခုနှစ်တွင် ရှစ်ကြိမ်နှင့် ၂ဝ၁၈ ခုနှစ်တွင် ၁၇ ကြိမ် စုစုပေါင်း ၂၆ ကြိမ်ရှိခဲ့ပြီ ဖြစ်သည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အစီ အစဉ်ဖြင့် ၂ဝ၁၈ ခုနှစ်အတွင်း တစ်လလျှင် နှစ်ကြိမ် ခရီးစဉ်စေလွှတ်မှုအနေဖြင့် ယခုခရီးစဉ် အပါအဝင် ၁၁ ကြိမ် ရှိပြီဖြစ်သည်။
ပြည်တွင်းပြည်ပ သတင်းမီဒီယာများအား ၎င်းတို့၏ အကြံပြုချက်အပေါ်မူတည်၍ မောင်တောဒေသသို့ သွားရောက်သတင်းရယူလိုသည့် နေရာများကို ပြည်နယ် အစိုးရအဖွဲ့နှင့်ညှိနှိုင်းပြီး နယ်မြေလုံခြုံရေးအခြေအနေပေါ် မူတည်ကာ သွားရောက်သတင်းရယူနိုင်ရန် စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။
သတင်း- သူရဇော်
ဓာတ်ပုံ- တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment