ဆိုးလ် စက်တင်ဘာ ၂
ကိုရီးယားသမ္မတနိုင်ငံ၌ ရုပ်ရှင်နှင့် ဗီဒီယိုဆိုင်ရာ လေ့လာ ရေးခရီး ရောက်ရှိနေသည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အဖွဲ့သည် ယနေ့တွင် ဆိုးလ်မြို့ရှိ Kyobo Library၊Starfield Libraryနှင့်Gyeongbokgung Palace တို့ကို သွားရောက်ကြည့်ရှုလေ့လာကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင်Kyobo Library ၌ ကြည့်ရှုလေ့လာကြသည်။ ယင်းစာကြည့်တိုက်သည် ဆိုးလ်မြို့တော်၏ မြို့လယ်ရှိ ကျိုဘိုတာဝါ၏ မြေညီထပ်တွင်တည်ရှိပြီး အကျယ်အဝန်း စတုရန်းမီတာ ၁၁၉ဝဝ ရှိသော ကိုရီးယားသမ္မတနိုင်ငံ၏ အကြီးဆုံးစာကြည့်တိုက်နှင့် စာအုပ်အရောင်းဆိုင်ဖြစ် သည်။
ထို့နောက် Starfield Library ကို သွားရောက်ကြည့်ရှု လေ့လာကြသည်။ဆိုးလ်မြို့ရှိ အကြီးဆုံး Starfield COEX Mall ၏ အလယ်တွင် စတုရန်းမီတာ ၂၈ဝဝ အကျယ်အဝန်း၌ ၁၃ မီတာအမြင့် အဆောက်အအုံကို ခေတ်သစ်ဗိသုကာ လက်ရာမြောက်စွာဖြင့် တည်ဆောက်ထားသည်။ ယင်းတွင် ကိုရီးယားစာအုပ်ပေါင်း ငါးသောင်းကျော်နှင့် နိုင်ငံတကာ မဂ္ဂဇင်းများ ပြသထားရှိပြီး ဈေးရောင်းဈေးဝယ်များ၊ အပန်းဖြေသူများ လွယ်ကူစွာဖတ်ရှုနိုင်အောင် စီစဉ်ထားရှိ သည်။
ညနေပိုင်းတွင်Gyeongbokgung Palace သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။
Gyeongbokgung Palace ကို ၁၃၉၅ ခုနှစ်တွင် အဓိကနန်းတော်အဖြစ် တည်ဆောက်ခဲ့ပြီး ဂျိုဆောင်း မင်းဆက် (၁၃၉၂ -၁၉၁ဝ) က တည်ဆောက်ခဲ့သည့် တော်ဝင်နန်းတော်များအနက် ပင်မနန်းတော်တစ်ခုဖြစ် သည်။ ၁၅၉၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၁ဝ - ၁၉၄၅ ခုနှစ်တွင် တစ်ကြိမ် ဖျက်ဆီးခြင်းခံခဲ့ရပြီး ၁၉၉ဝ ပြည့်နှစ် တွင် ပြန်လည်မွမ်းမံတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လေ့လာလည်ပတ်ရာ ဆိုးလ်မြို့၏ အဓိကနေရာဖြစ် သည်။
သတင်းစဉ်

No comments:
Post a Comment