Monday, September 3, 2018

စင်ကာပူနိုင်ငံ၌ ကျင်းပသည့် အကြိမ် (၅ဝ)မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း တက်ရောက်

Image may contain: 1 person, smiling, standing and suit
နေပြည်တော် စက်တင်ဘာ ၂
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် စင်ကာပူနိုင်ငံShangri-La Hotel ၌ သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပသည့် အကြိမ် (၅ဝ)မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းတွင် ပြန်လည် ရောက်ရှိသည်။
သြဂုတ် ၂၉ ရက် နံနက်ပိုင်း တွင် ပြည်ထောင်စုဝန်ကြီးနှင့် အာဆီယံစီးပွားရေးဝန်ကြီးများသည် စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လုံး အား Shangri-La Hotel ၌ တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး အကြိမ် (၅ဝ)မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများအစည်းအဝေးနှင့်ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် (၁ဝ)ကြိမ်မြောက် စီအယ်လ် အမ်ဗွီ(ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ်) စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၃၂)ကြိမ်မြောက် အာဆီယံကုန်သွယ်မှုဒေသကောင်စီ အစည်းအဝေး၊ (၂၁)ကြိမ်မြောက် အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသကောင်စီ အစည်းအဝေးနှင့် အကြိမ်(၅ဝ)မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်း အဝေးတို့သို့ တက်ရောက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သြဂုတ် ၃ဝ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပသည့် (၁၇)ကြိမ် မြောက် အာဆီယံ-တရုတ်၊ (၂၄)ကြိမ် မြောက် အာဆီယံ-ဂျပန်၊ (၁၅)ကြိမ် မြောက် အာဆီယံ-ကိုရီးယား၊ (၂၁)ကြိမ်မြောက် အာဆီယံ အပေါင်းသုံး (တရုတ်၊ ဂျပန်၊ ကိုရီးယား)၊ အာဆီယံ-အမေရိကန်၊ (၂၃)ကြိမ်မြောက် အာဆီယံ-သြစတြေးလျ-နယူးဇီလန်၊ (၆)ကြိမ်မြောက် အရှေ့အာရှ၊ (၁၅)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ၊ (၇)ကြိမ်မြောက် အာဆီယံ-ကနေဒါ၊ (၇)ကြိမ်မြောက် အာဆီယံ-ရုရှား စီးပွားရေးဝန်ကြီးများ အစည်းအဝေး နှင့် (၆)ကြိမ်မြောက် ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေးတို့သို့ တက်ရောက်ဆွေးနွေးခဲ့ပြီး (၁ဝ)ကြိမ် မြောက် မဲခေါင်-ဂျပန် စီးပွားရေး ဝန်ကြီးများ အစည်းအဝေးတွင် ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အစည်းအဝေးများတွင် အာဆီယံစီးပွားရေးအသိုက်အဝန်း ၂ဝ၂၅ အကောင်အထည်ဖော်မှုနှင့် စင်ကာပူနိုင်ငံမှ ၂ဝ၁၈ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စီးပွားရေး ဆိုင်ရာ ဦးစားပေးလုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အာဆီယံအပေါင်းတစ် လွတ်လပ် သော ကုန်သွယ်မှုဒေသ အကောင် အထည်ဖော်မှုကိစ္စရပ်များ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ် များ၊ စေ့စပ်ညှိနှိုင်းလျက်ရှိသည့် ဒေသ တွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင် ရွက်မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက် ရမည့် ကိစ္စရပ်များအပေါ် လမ်းညွှန်မှု ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် အမေရိကန် ဒုတိယကုန်သွယ်ရေး ကိုယ်စားလှယ်Jeffrey D.Gerrish နှင့်လည်းကောင်း၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ Alexander C. Feldman ဦးဆောင် သည့် အာဆီယံ-အမေရိကန် စီးပွား ရေးကောင်စီအဖွဲ့နှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ အစည်းအဝေးကာလ အတွင်း အာဆီယံစီးပွားရေးဝန်ကြီး များသည် အာဆီယံကုန်စည်ကုန်သွယ် ရေးသဘောတူစာချုပ်ကို ပြင်ဆင် သည့် ပထမအခြေပြစာချုပ်နှင့် အာဆီယံဝန်ဆောင်မှုဆိုင်ရာ မူဘောင် သဘောတူစာချုပ်၏ ဒသမအသုတ် ကတိကဝတ်များ အကောင်အထည်ဖော် ရေးအခြေပြစာချုပ်တို့ကို လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment