Monday, September 3, 2018

ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်

Image may contain: outdoor
နေပြည်တော် စက်တင်ဘာ ၂
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ၂ဝ၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ်ပို့ကုန် ၈၄၇ စီး၊ သွင်းကုန် ၅၉၃ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန်ရှစ်စီး၊ သွင်းကုန် ၂၃ စီးတို့ဖြင့် ကုန်စည်များ သယ်ယူ ပို့ဆောင်လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများ ကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁ ရက်တွင် ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှုလေးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ဝဝ ဒသမ ၄ဝ၈ သန်းခန့်)၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ငါးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅ ဒသမ ၃ဝ၈ သန်းခန့်) စုစုပေါင်းတားဆီးမှု ကိုးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ဝ၅ ဒသမ ၇၁၆ သန်းခန့်) သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
ထူးခြားဖမ်းဆီးမှုအနေဖြင့် စက်တင်ဘာ ၁ ရက်တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်စဉ် ခရီးသည်တင်ယာဉ် တစ်စီးနှင့်ISUZU GIGA ၁၂ဘီး ယာဉ်တစ်စီးတို့အား စစ်ဆေးခဲ့ရာ ယာဉ်များပေါ်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပိတောက်ခွဲသား ၂ ဒသမ ၄၆၉၆ တန်နှင့် အဆိုပါ ပစ္စည်းများ သယ်ဆောင်သည့် ယာဉ်နှစ်စီး (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁ဝဝ ဒသမ ၄ဝ၈ သန်းခန့်) စစ်ဆေးတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment