Thursday, September 6, 2018

ဖားကန့်မြို့နယ်၌ ငါးမန်းဂိမ်းလောင်းကစားပြုလုပ်သူများအား အရေးယူ

Image may contain: one or more people and outdoor
ဖားကန့် စက်တင်ဘာ ၅
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ ၄ ရပ်ကွက်နေ ဦးထိန်လင်း၏နေအိမ်၌ ငါးမန်းဂိမ်း လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ စက်တင်ဘာ ၃ ရက် ည ၈ နာရီခွဲက မိုးညှင်းခရိုင်ရဲတပ်ဖွဲ့ မှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့က သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးရာ လောင်းကစား ဒိုင် ဦးထိန်လင်းပါ ခြောက်ဦးနှင့် လာရောက်လောင်းကစားသူ ၂၄ ဦး တို့အား ငါးမန်းဂိမ်းစက်နှစ်ခုံ၊ လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေး ငွေကျပ် ၃၁၆၈ဝဝဝ၊ ဆိုင်ကယ် ကိုးစီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဦးထိန်လင်းပါ လူဦးရေ ၃ဝ တို့အား ဖားကန့်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အလားတူ ယင်းနေ့ ည ၈ နာရီ မိနစ် ၅ဝ က ဆိပ်မူကျေးရွာ ၄ ရပ်ကွက်နေ စန်းမောင် (ခ)ရှည်ကြီး ၏နေအိမ်၌ ငါးမန်းဂိမ်းလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့က သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ ၎င်းအား မတွေ့ ဘဲ လောင်းကစားဒိုင်/စာရင်းကိုင် မဝင်းလဲ့လဲ့ရွှေ(ခ) ညှန်းညှန်းအား ငါးမန်းဂိမ်းစက်လေးခုံ၊ လောင်းကစား ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်း များ၊ လောင်းကြေးငွေကျပ် ၁ဝ၇၁ဝဝဝ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် မဝင်းလဲ့ လဲ့ရွှေ(ခ)ညှန်းညှန်းအား ဖားကန့်မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။
ကိုရဲ

No comments:

Post a Comment