Thursday, September 6, 2018

မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ သိမ်းဆည်းရမိ

No automatic alt text available.
နေပြည်တော် စက်တင်ဘာ ၅
ကော့သောင်းမြို့
ကော့သောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၃ ရက် နံနက် ၇ နာရီခွဲက ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် မြရည်ပုလဲလမ်းသွယ်ရှိ ဝင်းကိုဦး၏နေအိမ်ကို ရှာဖွေရာ ၎င်းနှင့်အတူ မင်းဆုပိုင်(ခ)ပိုင်ပိုင်နှင့် အောင်ထွေးတို့အားတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၇၆၁ ပြားနှင့် လက်ကိုင်ဖုန်း ငါးလုံး၊ မော်တော်ဆိုင်ကယ်နှစ်စီးတို့ကို လည်းကောင်း။
မိုင်းရယ်မြို့
အလားတူ စက်တင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီခွဲက မူးယစ်တပ်ဖွဲ့စု ၂၃ တန့်ယန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့နယ် နားလီကျေးရွာတွင် လှမြင့်မောင်းနှင်၍ ကျော်ဦးနှင့်လင်းအောင်တို့ လိုက်ပါလာ သည့်HYUNDAI ၂၂ ဘီးယာဉ်နှင့် ဇော်ဇော် မောင်းနှင်၍ ကျော်မင်းထွန်း လိုက်ပါလာသည့်SINOTERUK ၂၂ ဘီးယာဉ်တို့ကို ရှာဖွေရာ ဟိုက်ဒရို ကလိုရစ်အက်စစ် လီတာ ၁၈ဝ စီ ပါရှိသည့် ပီပါ ၁၈ လုံး (စုစုပေါင်း ဟိုက်ဒရို ကလိုရစ် အက်စစ် လီတာ ၃၂၄ဝ)၊ အီသိုင်းအီသာ လီတာ ၁၈ဝ စီ ပါရှိသည့် ပီပါ ၈၈ လုံး (စုစုပေါင်း အီသိုင်းအီသာ လီတာ ၁၅၈၄ဝ)၊ ကဖင်း ကိုးကီလိုစီ ပါရှိသည့် ၂၅ အိတ် (စုစုပေါင်း ကဖင်း ၂၂၅ ကီလို)၊ ဘွိုင်လာအိုး ငါးလုံး၊ ပြွန်ပိုက်လေးလုံး၊ မော်တာလေးလုံးနှင့် လက်ကိုင်ဖုန်းငါးလုံးတို့အား သိမ်းဆည်း ရမိခဲ့သည်။ ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် အဆိုပါယာဉ်နှစ်စီးအား လမ်းရှင်းလိုက်ပေးသည့် အိုက်ခေး(ခ)ကွမ်းခေး မောင်းနှင်လာသည့် PAJEROမော်တော်ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၃ဝ ကို သိမ်းဆည်းရမိခဲ့သဖြင့်၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment