Tuesday, September 25, 2018

(၈၈) ကြိမ်မြောက် ဆော်ဒီအာရေဗျနိုင်ငံ အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား ကျင်းပ




Image may contain: 13 people, people smiling, people standing and suit
ရန်ကုန် စက်တင်ဘာ ၂၄



(၈၈) ကြိမ်မြောက် ဆော်ဒီအာရေဗျနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ ည ၇ နာရီတွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် ဇနီး ဒေါ်သီသီတို့ တက်ရောက်ကြသည်။
အခမ်းအနားဖွင့်လှစ်
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ဆော်ဒီအာရေဗျ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Sahal Moustafa AHMED ERGESOUS တို့က ဆော်ဒီအာရေဗျနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ကြပြီး တက် ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား သံအမတ်ကြီးနှင့် ဇနီးတို့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
သတင်းစဉ်

No comments:

Post a Comment