Tuesday, September 25, 2018

မြန်မာနိုင်ငံအမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာရေးဆွဲအကောင်အထည်ဖော်ရေးဗဟိုအဖွဲ့ စည်းဝေး





Image may contain: 6 people, indoor
နေပြည်တော် စက်တင်ဘာ ၂၄



မြန်မာနိုင်ငံ အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာရေးဆွဲအကောင်အထည်ဖော်ရေး ‘ဒုတိယအကြိမ်အစည်းအဝေးကို နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာရေးဆွဲအကောင်အထည်ဖော်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဗဟိုအဖွဲ့ဒုတိယဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး၊ ပညာရေးဝန်ကြီးဌာန ‘ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ဗဟိုအဖွဲ့အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် ဗဟိုအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ဗဟိုကော်မတီဝင် များနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ(မူကြမ်း)အား ပထမအကြိမ်အစည်းအဝေးတွင် ဆွေးနွေးအကြံပြုချက် များနှင့်စပ်လျဉ်း၍ ပြင်ဆင်ဖြည့်စွက်ထားသည်များ၊ ယခုအပြီးသတ်မူကြမ်းအပေါ် ထပ်မံဖြည့်စွက်သင့်သည်များကို အကြံပြုဆွေးနွေးခဲ့ကြသည်။
မှုခင်းကြိုတင်ကာကွယ်ရေးသည် ကုလသမဂ္ဂအဖွဲ့ကြီး၏ ရေရှည်မျှော်မှန်းချက် ပန်းတိုင်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့် အဓိကလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေးမဟာဗျူဟာ အတည်ပြု ပြဋ္ဌာန်းပြီးပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ခရိုင်အဆင့်၊ မြို့နယ် အဆင့်တို့မှ မဟာဗျူဟာမျှော်မှန်းချက်များနှင့်အညီ ဒေသအခြေအနေနှင့်ကိုက်ညီပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်သော မှုခင်းကြိုတင်ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေး လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment