Tuesday, September 4, 2018

ရေတာရှည်မြို့နယ် ဆွာဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

Image may contain: 11 people, people sitting
နေပြည်တော် စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၏ တစ်ရက်တာ နေ့တွက် စရိတ်လှူဒါန်းငွေနှင့် မန်းအောင်ငြိမ်း ဖောင်ဒေးရှင်းက အလှူငွေကျပ် သိန်း ၂ဝ တို့ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက် ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment