Tuesday, September 25, 2018

ပျော်ဘွယ်မြို့နယ်အတွင်းကျေးရွာနှစ်ရွာ လျှပ်စစ်မီးရရှိပြီ

Image may contain: 11 people, people standing and outdoor
ပျော်ဘွယ် စက်တင်ဘာ ၂၄
ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် ရန်အောင်မြို့အတွင်းရှိ ကျေးရွာနှစ်ရွာမှ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲကို စက်တင်ဘာ ၂၂ ရက်တွင် တစ်ပြိုင်တည်းကျင်းပခဲ့ကြောင်းသိရသည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရ၏ ဒေသဖွံ့ဖြိုး ရေးရန်ပုံငွေဖြင့် ပျော်ဘွယ်မြို့နယ် ရန်အောင်မြို့ လျှပ်စစ်မန်နေဂျာရုံးမှ ကြီးကြပ်၍ ဆိတ်ချိုကျေးရွာအုပ်စု ကန်ဆွယ်ကျေးရွာနှင့်နှောကုန်းကျေးရွာတို့တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁ ဒသမ ၅ မိုင်နှင့် ၁၁/ဝ ဒသမ ၄ ကေဗွီ ၁ဝဝ ကေဗွီအေ ထရန်စဖော်မာ သုံးလုံးတည်ဆောက်ခြင်းအတွက် ငွေကျပ် ၇၂ သန်း ပံ့ပိုးမှုဖြင့် ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခဲ့ပြီး မီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ ပျော်ဘွယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးနှင့် ဦးတင်စိုး၊ ပျော်ဘွယ်မြို့နယ် လျှပ်စစ်မန်နေဂျာ၊ ရန်အောင်မြို့နယ် လျှပ်စစ်မန်နေဂျာနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။ ပျော်ဘွယ်မြို့နယ် ရန်အောင်မြို့အတွင်း ကျေးရွာ ၈၅ ရွာရှိသည့်အနက် ယနေ့အထိ ကျေးရွာ ၁၃ ရွာမီးလင်းပြီဖြစ်ကြောင်းနှင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၂၂ ရွာ ထပ်မံမီးလင်းမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးနေလင်းဖြိုးထံမှ သိရသည်။
တင်ဦး(ရမည်းသင်း)

No comments:

Post a Comment