Tuesday, September 25, 2018

ကရင်ပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ရက် တန် ၁ဝဝဝဝ ကျ ဘိလပ်မြေစက်ရုံ လှိုင်းဘွဲမြို့နယ်၌ တည်ဆောက်မည်

Image may contain: cloud, sky and outdoor
လှိုင်းဘွဲ စက်တင်ဘာ ၂၄
တိုင်းရင်းသားလုပ်ငန်းရှင်များပိုင်ဆိုင်သည့် ရတနာစိုင်းကောင်းမြတ် ကျော် ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမည့် တစ်ရက်လျှင် ဘိလပ်မြေတန် ၁ဝဝဝဝ ထုတ်လုပ်နိုင်သော စက်ရုံတစ်ခုကို ကရင်ပြည်နယ် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါ ဘိလပ်မြေစက်ရုံတည်ဆောက်ရန်အတွက် ပြည်နယ် အစိုးရအဖွဲ့က ပြည်ထောင်စုရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံသို့ တင်ပြ ထားပြီးဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိတွင် စက်ရုံ တည်ဆောက်မည့် မြေနေရာကို စိစစ်ရွေးချယ်နေဆဲဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်က ကရင်ပြည်နယ် ဘားအံမြို့ သီရိဘားအံဟိုတယ်၌ ကျင်းပခဲ့သော အစည်းအဝေးတွင် ဒေသခံအဖွဲ့အစည်းများ ဖြစ်သည့် KNUနှင့်BGFအဖွဲ့များကလည်း လိုအပ်သည့်အကူအညီများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပဏာမသဘောတူညီချက်အရ ဒေသ လျှပ်စစ်မီးရရှိရေး အတွက် ၁၅ မဂ္ဂါဝပ်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခု တည် ဆောက်ပေးမည်ဖြစ်ခြင်းကြောင့် ဒေသခံပြည်သူ ၅ဝဝဝ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ရွှေအင်းသားခင်မောင်ဝင်း

No comments:

Post a Comment