Tuesday, September 4, 2018

ကျောင်းအခြေပြု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်

Image may contain: 1 person, sitting, child and indoor
စစ်တွေ စက်တင်ဘာ ၃
ရပ်ရွာလူထုအနေဖြင့် ဘေးအန္တရာယ် များကို ထိခိုက်မှုနည်းစွာဖြင့် တုံ့ပြန် ရင်ဆိုင်နိုင်ရန်နှင့် ဘေးဒဏ်ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိသော လူ့အဖွဲ့အစည်း တစ်ခုပေါ်ထွန်းစေရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် LWF အဖွဲ့တို့ ပူးပေါင်း၍ ကျောင်းအခြေပြု ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲကို စစ်တွေမြို့နယ် ချီလည်းပင်း ကျေးရွာ အခြေခံပညာမူလတန်းလွန် ကျောင်း၌ ယနေ့ နံနက် ၁၁ နာရီက ဖွင့်လှစ်သည်။
အဆိုပါ သင်တန်းတွင် သင်တန်း သား သင်တန်းသူ ၂ဝ တက်ရောက် ပြီး သင်တန်းကာလမှာ စက်တင်ဘာ ၂ ရက်မှ ၄ ရက်ထိ ကြာမြင့်မည်ဖြစ် ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဘာသာရပ်များကို သင်တန်း နည်းပြ ဆရာ ဆရာမများက စာတွေ့ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။
ထို့ပြင် အသိပညာပေး လက်ကမ်း စာစောင်များ ဝေငှပေးခြင်း၊ နံရံကပ် ပိုစတာပေးအပ်ခြင်းနှင့် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ကြ သည်။
ဝင်းမင်းစိုး(ပြန်/ဆက်)

No comments:

Post a Comment