
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော် ဖွင့်ပွဲကျင်းပရန် ဝတ်စုံပြည့် (အစမ်း)ပူးပေါင်းလေ့ကျင့်ခြင်းကို ယနေ့ နံနက် ၉ နာရီက ရန်ကုန် မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ၌ ကျင်းပသည်။
ကလေးစာပေပွဲတော်ဖွင့်ပွဲကျင်းပရန် ဝတ်စုံပြည့် (အစမ်း) ပူးပေါင်း လေ့ကျင့်ရာတွင် ရန်ကုန်မြောက်ပိုင်းခရိုင် ရှစ်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူ များက ဘင်ခရာတီးဝိုင်း၊ ပန်းဖွားအကအဖွဲ့များနှင့် ဖဲကြိုးဖြတ် အစမ်း လေ့ကျင့်ခြင်းများကို ပူးပေါင်းလေ့ကျင့်ခဲ့ကြသည်။
အဆိုပါ ဝတ်စုံပြည့်(အစမ်း)ပူးပေါင်းလေ့ကျင့်ရာနေရာသို့ မြောက်ပိုင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြင်ကြင် သန်း၊ ခရိုင်ပညာရေးမှူး ဒေါ်အေးသန္တာချစ်၊ လူရည်ချွန်နှင့် ကင်းထောက်အဖွဲ့ ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေး
မှူးနှင့် ပညာရေးဝန်ထမ်းများ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မှူးနှင့် ပညာရေးဝန်ထမ်းများ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment