
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည်ထူထောင် ရေးလုပ်ငန်းကော်မတီသို့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်း များအတွက် Power China International Group Co., Ltd. ၏ ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးကောင်စစ်ဝန် Mr. XieGuoxiang ၊ Power China International Group Co.,Ltd. မှ ဒါရိုက်တာ အဖွဲ့ဝင်များ တက်ရောက်သည်။
အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးကောင်စစ်ဝန် Mr. XieGuoxiang က မိတ်ဆက် စကားပြောကြားပြီး Power China International Group Co.,Ltd. မှ ဒါရိုက်တာတစ်ဦးက အလှူငွေ ပေးအပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Power China International Group Co.,Ltd. မှGeneral Manager, Mr. Yang Jian က အမေရိကန်ဒေါ်လာ တစ်သိန်း ပေးအပ်လှူဒါန်းရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လက်ခံ ရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
No comments:
Post a Comment