Tuesday, September 25, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းများ ဆောင်ရွက်

Image may contain: 2 people, people standing and outdoor
နေပြည်တော် စက်တင်ဘာ ၂၄
မောင်တောမြို့နယ် နယ်မြေ(၂) အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ငါးရံ့ချောင်းကင်းစခန်းမှ ဒုတိယရဲမှူး အောင်ကျော်ကျော် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄) BGBတပ်ရင်း Gorjonbuniya ကင်းစခန်းမှ Naib Subedar Md. Sultan Ahmadဦးစီးသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အထိ မိမိတို့နိုင်ငံအသီးသီး အတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် ၄ဝ မှ ၄၁ အထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင် လှည့်ကင်းဆောင်ရွက်ခဲ့ကြသည်။
အလားတူ နံနက် ၁၁ နာရီ ၂၅ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ မောင်တောမြို့နယ် နယ်မြေ(၁) အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ မှတ်တိုင်(၅၁-ခွဲ)ကင်းစခန်းမှ ဒုတိယ ရဲအုပ် ညွန့်ဝင်းဦးစီးသည့် တပ်ဖွဲ့ဝင် များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) BGBတပ်ရင်း Panchari ကင်းစခန်း မှNaib Subedar Md. Salim Miah ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ စကားပြန်၊ လမ်းပြတို့သည် မိမိတို့ နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ် ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ် မှတ်တိုင် ၅၁/၅ မှ ၅၂ အထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား

No comments:

Post a Comment