Tuesday, September 25, 2018

စက်သုံးဆီချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မည့်တရုတ်နိုင်ငံ နည်းပညာမြင့်လျှပ်စစ်ကား နှစ်မျိုး ထုတ်လုပ်မည်

Image may contain: car and outdoor
ရန်ကုန် စက်တင်ဘာ ၂၄
စက်သုံးဆီချွေတာရေးနှင့် မြန်မာနိုင်ငံ၏ရာသီ ဥတု၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေစွာ ထုတ်လုပ်ထားသော တရုတ်နိုင်ငံ၏ နည်းပညာမြင့် လျှပ်စစ်ကားနှစ်မျိုး အစီးရေ ၂ဝဝဝ ကို လာမည့်အောက်တိုဘာလတွင် ပထမဆုံးအဖြစ် ရန်ကုန် ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ ကားစက်ရုံ၌ စတင် ထုတ်လုပ်တော့မည်ဖြစ်ကြောင်း KHAIN GKHAING SANGDA MOTORCAR FACTORY မှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ YU JIAN CHEN က ပြောသည်။
''ဒီကားတွေတင်သွင်းမှုအတွက် တရုတ် အစိုးရက အခွန်မယူပါဘူး။ မြန်မာပြည်သူတွေ ကို ဈေးပေါပေါနဲ့ ဝယ်ယူအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးတာပါ။ ကားတွေကို တရုတ် ပြည်မှာ ထုတ်လုပ်ပြီး မြန်မာနိုင်ငံက တပ်ဆင် ထုတ်လုပ်ပေးသွားမှာပါ။ မြို့တွင်း မြို့ပြင် ဟိုင်းဝေးတစ်နိုင်ငံလုံးကို မောင်းနှင်နိုင်အောင် နည်းပညာနဲ့ ထုတ်လုပ်ပေးထားပါတယ်။ ဘက်ထရီ စွမ်းအင်ကိုလျှပ်စစ်မီးရှိတဲ့နေရာ တွေမှာ အလွယ်တကူသွင်းနိုင်ပြီး ဟိုင်းဝေး ရောက်ရင် လမ်းမှာဘက်ထရီအား ရာခိုင်နှုန်း နည်းနေရင် ဆီထည့်ပြီး ကားရဲ့ဘက်ထရီကို အားဖြည့်ပေးနိုင်တဲ့ စက်ပါပါတယ်။ အဲဒီ အတွက် ဟိုင်းဝေးတွေမှာလည်း ကောင်းစွာ အသုံးပြုနိုင်ပါတယ်။ အခုဆိုရင် စက်သုံးဆီ ဈေးက အဆမတန်မြင့်မားနေတာကိုလည်း လျှော့ချနိုင်မယ်။ မီးခိုးမထွက်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်း နိုင်ပါတယ်'' ဟု မစ္စတာ YU JIAN CHEN က ထပ်မံပြောသည်။
ထို NEW ENERGY CAR (HYBRID) လျှပ်စစ်(ဘက်ထရီ)ကား KSD-V1 နှင့်KSD - V2 နှစ်မျိုးကို တရုတ် နိုင်ငံ YUE DI နှင့် မြန်မာနိုင်ငံ KHAINGKHAING SANGDA MOTORCA R FACTORY တို့ ပူးပေါင်း ကာ ပထမဆုံး ဖက်စပ်ထုတ်လုပ်သော ကားများဖြစ်ကြောင်း သိရသည်။ KSD-V1 အမျိုးအစားသည် ငါးယောက်စီးဖြစ်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၈ဝ သွားနိုင်ပြီး အားပြည့်နေလျှင် ကီလိုမီတာ ၈ဝဝ အကွာ အဝေးကို တစ်ဆက်တည်းသွားနိုင်သည်။ LITHIUM BATTERYအမျိုးအစားကို အသုံးပြုထားပြီး စွမ်းဆောင်နိုင်မှုပမာဏ 150 AHရှိသည်။ အလေးချိန် ကီလိုဂရမ် ၁၄၆ဝ ကို သယ်ဆောင်နိုင်ကြောင်း သိရသည်။ KSD-V2 အမျိုးအစားသည် ငါးယောက်စီး ဖြစ်ပြီး အလေးချိန်ကီလိုဂရမ် ၉၆ဝ သယ်ဆောင် နိုင်သည်။ တစ်နာရီလျှင် ကီလိုမီတာ ၅ဝ မြန်နှုန်းမြင့် မောင်းနှင်နိုင်ပြီး ဘက်ထရီအား ပြည့်ချိန်တွင် ကီလိုမီတာ ၁၁ဝ အကွာအဝေး ကို မောင်းနှင်နိုင်သည်။ LEAD ACID CELL ဘက်ထရီအမျိုးအစားကို အသုံးပြု ထားပြီး စွမ်းဆောင် နိုင်မှုပမာဏ 100 AHရှိကြောင်း သိရသည်။ ထို့ပြင် လက်ရှိအသုံးပြုနေသော ကားများနည်းတူ အတွင်းအပြင် ဝန်ဆောင်မှုများပါဝင် ကြောင်း သိရသည်။ KSD-V1 အမျိုးအစား သည် မြန်မာငွေကျပ်သိန်း ၁၄ဝ ရှိပြီး KSD-V2အမျိုးအစားသည် မြန်မာငွေကျပ် ၉၁ သိန်း ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
ထိုလျှပ်စစ်(ဘက်ထရီ)ကားသည် မြန်မာ နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်လေကောင်းလေသန့်ဖြစ်စေရန်၊ စက်သုံးဆီသုံးစွဲမှု လျှော့ချ စေရေးနိုင်ငံခြားမှ စက်သုံးဆီ ဝယ်ယူနေမှု ကိုလည်း လျှော့ချနိုင်ရန်၊ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုလျှော့ချစေရန်နှင့် ရန်ကုန်မြို့၏ လမ်းသွယ်လမ်းငယ်များတွင် အလွယ်တကူ မောင်းနိုင်ပြီး အချိန်ကုန်သက်သာစေကြောင်း ကားပြုပြင်ထိန်းသိမ်းမှုစရိတ် သက်သာစေရန် လုံခြုံရေးယာဉ်၊ လမ်းရှင်းယာဉ်များအဖြစ် အသုံးပြုနိုင်ပြီး အစိုးရဌာနဆိုင်ရာ အရာရှိငယ် များနှင့် ပုဂ္ဂလိကကုမ္ပဏီများရှိ ဝင်ငွေ အလယ်အလတ်အဆင့်ရှိသူများလည်း အသုံး ပြုနိုင်ကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)

No comments:

Post a Comment